P6

14.1K 1.4K 20
                                    

" မျက်နှာက ဒဏ်ရာတွေနဲ့ပါလား ဘာဖြစ်လာတာလဲ ရောင်နီ"

အခန်းထဲ ဝင်ဝင်ချင်းမှာပင် မေးခွန်းထုတ်ခံလိုက်ရသည်မို့ ဘာဖြေလို့ဖြေရမှန်းမသိ။ နေ့တိုင်း အိမ်ပြန်နောက်ကျတတ်သော ကိုကြီးက ဒီနေ့မှ ထူးထူးဆန်းဆန်း ညနေ ငါးနာရီပဲရှိသေး ...အိမ်ကို ရောက်နေလေပြီ။

"ကိုကြီးက ဒီနေ့ ကျောင်းမသွားဘူးလား ပြန်လာတာ စောလိုက်တာ"

"ကုိကြီးမေးတာဖြေစမ်းပါ..မျက်နှာက ဘာဖြစ်လာတာလဲလို့"

ရောင်နီက အသော့်အမေးကို စကားလမ်းကြောင်းလွဲလိုက်ပေမဲ့ မရ။

"ဟို...ဟို...ကျောင်းမှာ ရန်ဖြစ်လာတာ..အတန်းကြီးက ကောင်တွေနဲ့....သူတို့အရင်စလို့ဖြစ်ရတာ...
သားက..သူတို့ကို ဘာမှ သွားပြောတာ မဟုတ်ဘူး"

ေရာင်နီက သူ့အပြစ်မဟုတ်ကြောင်းဦးအောင် ရှင်းပြပြီး အစ်ကိုဖြစ်သူကို မရဲတရဲကြည့်လေ၏။

"လင်း စမ်းပါအုံး ....အဲ့ကောင်တွေက မင်းကို ဘာပြောလို့ ကွဲပြဲလာတဲ့အထိ ရန်ဖြစ်လာရတာလဲ"

အသော့်အမေးကို ရောင်နီက ချက်ချင်းမဖြေသေးပဲ ကြောင်ကာ ခဏရပ်နေလေသည်။ ပြီးမှ မဖြစ်မနေပြောပြရမည့် ပုံစံဖြင့် သက်ပြင်းချလိုက်ကာ လွယ်ထားသော လွယ်အိတ်ကို နံရံက ချိတ်တွင် ချိတ်ပြီး ကုတင်ပေါ်ပစ်လဲှချလိုက်တော့သည်။ ထို့နောက် ကုတင်ပေါ် ပက်လက်လှန်လျက်ပင် အကျိုးအကြောင်းကို အစုံအလင်ကို ရှင်းပြလေတော့သည်။

"နေ့လည် break time တုန်းက သားနဲ့ သားသူငယ်ချင်းက နေ့လည်စာစားပြီး ကန်တင်းနားက ခုံမှာ ထိုင်နေတာ ကိုကြီးရာ အဲ့တာ..ယံလေးက မျက်နှာမကောင်းလို့ ကိုယ်ပူစမ်းတာကို ...
အနားက ဖြတ်သွားတဲ့ အဲ့ကောင်တွေက သားတို့ကို သောက်ခြောက်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့...မကြားကြားအောင် စောင်းပြောနေတာ..
အဲ့ဒီတော့ သားလည်း ဒေါသထွက်ပြီး ဘာကိုမှ မမြင်တော့ဘဲ မွှန်သွားတာ..နောက်...ချက်ချင်းပြေးသွားပြီး ဆွဲထိုးပစ်လိုက်တာ...သူတို့ဘက်က သုံးယောက်ဆိုတော့ နည်းနည်းခံလာရတာ ..ဒါပါပဲ"

"မင်း သူငယ်ချင်းက ဝင်မဆွဲဘူးလား ဒီလောက်ဖြစ်နေတာကို"

အသော့်အမေးကို ရောင်နီက ချက်ချင်းပြန်ဖြေလုိက်လေသည်။

MSFOMH💛 {Completed}Where stories live. Discover now