P17

11.4K 1.3K 106
                                    

ပြတင်းပေါက် မှန်တံခါးကို အတောင်ပံသေးသေးလေးတွေနှင့် တဖျပ်ဖျပ်လာ ကျလွိ ကျလွိ အော်မြည်နေသော ငှက်ကလေးတွေကြောင့်
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာမှ သူ နိုးသွားလေသည်။ အိပ်မှုန်စုံမွှား မျက်လုံးလေးတွေကို လက်ဖြင့် အသာအယာပွတ်ကာ အိပ်နေရာမှ ထထိုင်လိုက်မိလေသည်။
ဟင် ငါဘယ်ရောက်နေတာလဲ။
အိပ်နေကြ အိပ်ယာမဟုတ်သလို မြင်နေကျ အခန်းလည်း မဟုတ်သည်မို့ ရင်ထဲ ထိတ်ခနဲ။
နောက်မှ ညတုန်းက ကြောက်ကြောက်နှင့် အစ်ကိုအခန်းထဲ လာအိပ်ခဲ့မိသည်ကို ပြန်သတိရမိတော့သည်။

သူအိပ်ခဲ့စဥ်က ကုတင်အောက်မှာပါ ၊ အခုဘယ်လိုလုပ်လို့ ကုတင်ပေါ်ရောက်နေသလဲဆိုတာ မသိတော့။ ရုတ်တရတ် ပူထူသွားသည့် စိတ်ကလေးဖြင့် ကုတင်အောက်ကို ငုံကြည့်မိလိုက်လေးသည်။ အစ်ကိုများ ရှိနေမလားပေါ့။

သို့သော် ကိုယ်ထင်သလို အစ်ကိုက ရှိမနေချေ။
ဒါဆို သူကဘယ်လိုဖြစ်ပြီး ကုတင်ပေါ်ရောက်နေရတာလဲ...ကိုယ့်ဘာသာကို တက်သွားတာလား။နောက်ပြီး အစ်ကိုကရော ဘယ်မှာ အိပ်တာလဲ။

သူ အတွေးပေါင်းများစွာ ေခါင်းထဲဝင်လာပြီးနောက် ကုတင်ပေါ်က ဆင်းလိုက်ကာ အစ်ကို့ကို လိုက်ရှာမိလေသည်။ ရေချိုးခန်း အိမ်သာ တစ်နေရာမှာမှ အစ်ကိုရှိမနေပါ။ မနက် ၇နာရီ အချိန်သာ ရှိသေးသည်မို့ တစ်နေရာရာကို သွားတာလည်း မဖြစ်နိုင်။ ြခံထဲ ဆင်းသွားသလား ဆိုသည့် အတွေးလေးတွေးပြီးနောက် ေခါင်းအုံးနှင့် ေစာင်ကို ပိုက်ကာ မိမိအခန်းသို့ ပြန်လာ လိုက်လေတော့သည်။

"အသော် မိုးမလင်းသေးဘူးနော် သွား! မျက်နှာသွားသစ် ၊ ညစ်ပတ်လိုက်တာ"

"ငါက နင့်ရဲ့မနက်ခင်း အိပ်ယာထခါစ အလှကို မမြင်ဖူးလို့ လာကြည့်တာပါ ဟက် ဟက်"

မိမိအခန်းရှေ့တွင် ခြေစုံချရပ်လိုက်မိသည်နှင့် တဖက်အခန်းမှ စကားသံတချို့က နားထဲ ကြည်လင်ပြတ်သားစွာ ဝင်လာတော့ ရင်ထဲ
နင့်ခနဲ။ ရယ်သံစွတ်ကာ ပျော်ရွှင်မြူးတူးနေသော
အစ်ကို့၏အသံလေးတေွကို ဆက်နားထောင်ချင်မိပေမဲ့ ပြောနေသော စကားတွေက သူ့ရင်ကို
နာကျင်ေစသည်မို့ ခပ်ဟဟပွင့်နေသော မမ၏ အခန်းအတွင်းမှ စကားသံတွေကို လျစ်လျူရှုကာ ကိုယ့်အခန်းထဲသို့ အလျင်အမြန်ဝင်လိုက်မိတော့သည်။

MSFOMH💛 {Completed}Where stories live. Discover now