P60

11.2K 1.1K 55
                                    

အတိတ်တစ်ခုမှာ ကျန်ခဲ့တဲ့ ခြေရာခွက်သေးသေးလေးထဲက ရေတစ်ပေါက်ကိုတောင် အခုအချိန်မှာ မနှစ်မြို့ဘူး။
............................................................................

"ဗွမ်း!!."

အရှိန်ပြင်းစွာ လောင်းချလိုက်သော ရေတစ်ပုံးကြောင့် ဂျင်မီတစ်ယောက် သတိမေ့နေရာမှ
သတိပြန်လည်လာလေသည်။ အလင်းရောင် အားနည်းပြီး ညှီစို့စုိ့ အောက်သက်သက်ဖြစ်နေသော လေးထောင့်စက်စက် အခန်းငယ်တစ်ခု၏အတွင်း၌ ရောက်ရှိနေသည်ကိုလည်း သတိထားလိုက်မိသည်။
စပ်ဖျင်းဖျင်းဖြစ်နေသော ဦးခေါင်းမှ ေဝဒနာကြောင့် နာကျင်စွာ ညည်းညူလိုက်ပြီး
နံဘေးတွင် မတ်တတ်ရပ်နေသော သူများကို မော့ကြည့်လိုက်မိတော့သည်။

ဦးငယ်နှင့်ရဲနောင်။
ဘောင်းဘီအိပ်ကပ်ထဲ လက်တစ်ဖက်ကို ထည့်ကာ
ကျန်လက်တစ်ဖက်က ဦးခေါင်းထက်မှ ဆံပင်တွေကို မကြာခဏဆိုသလို သပ်တင်နေသော ဦးငယ်။

ရဲနောင်ကတော့ ရေပုံးတစ်ပုံးကို ကုိင်လျက်။ လိုအပ်လျှင် အသုံးပြုဖို့ အခြားလက်တစ်ဖက်ထဲတွင်တော့ ဘေ့စ်ဘောတုတ်တံတစ်ချောင်းက အဆင်သင့်။

"သတိရလာတာ မြန်သားပဲ"

ခပ်ထေ့ထေ့ပြောလိုက်သော ငယ့်၏စကားကြောင့်
ဂျင်မီက တစ်ချက်ပြုံးလိုက်လေသည်။ သိပ်ကို ကျေနပ်နေသည့် အပြုံး။

"ဘာလဲ ငါမြန်မြန်သတိရဖို့ကို မင်းပဲဆုတောင်းနေတာ မဟုတ်ဘူးလား၊ မင်းအရမ်းသိချင်နေတဲ့ အရာတွေ ငါ့ကိုမေးဖို့ မစောင့်နိုင်တော့လောက်အောင် ကလိလိဖြစ်နေတာမဟုတ်လား"

"ဟက် ဟက် သိနေပြီးသားဆိုတော့လည်း ရှင်းပြစရာ မလိုတော့ဘူးပေါ့ဗျာ"

ထိုမျှအထိ ရိုက်ထားသည်ကို အကြောမသေးသော ဂျင်မီက ငယ့်ကို မဲ့ကာရွဲ့ကာ ပြောနေနိုင်သေးသည်။ သို့သော် ထိုစကားတွေကြောင့် ငယ်က သေွးမဆူသွား။
ဂျင်မီကို ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်ကာ
ရဲနောင်လက်ထဲမှ တုတ်ကို လှမ်းယူလိုက်လေသည်။

"ဒီမှာ ကိုဂျင်မီ ၊ ကျုပ်မသိသေးတဲ့ အကြောင်းအရာတွေကို ခင်ဗျားပြောပြမှ ဖြစ်မယ်၊ ဒါမှလည်း ခင်ဗျား မသိသေးတဲ့ အကြောင်းအရာတွေကို ကျုပ်ပြန်ပြောပြလို့ရမှာ"

MSFOMH💛 {Completed}Where stories live. Discover now