P9

12.8K 1.3K 35
                                    

လူတစ်ယောက်ရဲ့အနာဂတ်ကို လူတစ်ယောက်
မပုိင်ဘူးဆိုတာ ကွျန်တော်သိပါတယ်။
ဒါပေမဲ့ အဲ့အနာဂတ်ဆီသို့ သွားမဲ့လမ်းကို ဖြောင့်တန်းအောင်တော့ ကွျန်တော် ဘေးက ကူပေးပါရစေ။

..............................💕💕💕..........................

"အား ကွျတ် ကျွတ်"

ဇတ်ပိုးတစ်ခုလုံး လှုပ်လို့မရတော့သည်အထိ နာကျင်နေြပီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ကိုင်ရုိက်ခံထားရသည့်အလား။ ကျိန်းစပ်စပ် မျက်လုံးတွေကို မနည်းအားယူဖွင့်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိသည်။

ညီှစို့စုိ့ အောက်သက်သက်အနံ့များ ပြည့်နှက်နေသော တိုက်ခန်းတစ်ခု၏အတွင်း၌ ရောက်နေမှန်းသိလိုက်သည်။ အကြမ်းထည် ကုိင်ထားေသာ အခန်းတစ်ခန်းသာဖြစ်ပြီး လူနေသည့် အရိပ်အယောင်လည်း မတွေ့ရသလို လူအသုံးအဆောင် ပစ္စည်းဆုိ၍ တစ်ခုမှ မရှိ။
ထိုကဲ့သို့ ထူးဆန်းသော မြင်ကွင်းကြောင့်
ရုတ်တရက် မိမိကိုယ်မိမိ ဘယ်နေရာကို ရောက်နေသလဲဆိုတာကို အလျှင်အမြန်စဥ်းစားလိုက်ရသည်။

နောက်ဆုံး သူမှတ်မိလိုက်တာက အစ်ကိုသော်နှင့်သူ စကားအခြေအတင်များပြီးနောက် ဇတ်ပိုးကို အရုိက်ခံလိုက်ရခြင်းပင်။

အရုိက်ခံရလိမ့်မည်ဟု ကြိုတင်မတွေးထားသောကြောင့် ခပ်ပေါ့ပေါ့ လှည့်ထွက်လာမိလိုက်တာ...
လုပ်ရက်လိမ့်မည်လို့လဲ မထင်ခဲ့မိတာအမှန်ပါ။

မေ့မျောသွားလောက်သည့်အထိ ရုိက်ချက်က ပြင်းလွန်းခဲ့လေသလား။ အခုကရော ဘယ်အချိန်ရှိနေပြီလဲ။ မနက်ခင်း လမ်းလျှောက်ထွက်မယ်ဆုိပြီး အိမ်ကို အသိပေးထားခဲ့တာ....
အခုလောက်ဆို သူ့ကို အိမ်က စိတ်ပူပြီးရှာနေလောက်ပြီ..ဘယ်လိုလုပ်ရမလဲ။

တိမ်ယံတစ်ယောက် အတွေးပေါင်းများစွာဖြင့်စိုးရိမ်စိတ်ဝင်လာပြီး လှဲနေရာမှ ချက်ချင်း ငုတ်တုတ် ထထိုင်လိုက်မိသည်။
သုိ့ေသာ် ထင်ထားသကဲ့သို့ အလွယ်တကူ ထလို့မရဘဲ နောက်သို့ပြန်လန်ကျလေသည်။ ထိုအခါကျမှ ခြေနှစ်ဖက်ရော လက်နှစ်ဖက်ပါ ကြိုးတုပ်ခြင်းခံထားရသော မိမိကိုယ်မိမိ အခုမှ သတိပြုမိတော့သည်။

MSFOMH💛 {Completed}Where stories live. Discover now