P54

11.8K 1.5K 116
                                    

အတိတ်က အနာတရတွေကိုတောင် ပိုးေသအောင် မနည်းသတ်နေရတာ။ အခုလို ထပ်ပြီး ထိခိုက်လာလိမ့်မယ်လို့ ဘယ်ထင်ခဲ့မှာလဲ။ သတ်ကြပါ သေအောင်သာ သတ်ကြ။ ကျုပ်နှလုံးသားက ခင်ဗျားတို့လက်ထဲမှာပဲ။ တိမ်ယံဦး 💔
...............................................................................

ကားစတီယာတိုင်ကို ဆုပ်ကိုင်ထားသော လက်တွေက ချွေးစေးတွေပျံနေလေပြီ။ သို့သော် အတင်းအကြပ် ဖိကိုင်ထားခြင်းကိုကား မဖြုတ်မိ။
မြင်မြင်သမျှ အရာမှန်သမျှကို ဝင်တိုက်ပစ်ချင်သည့်စိတ်ကို အောင့်ထားရင်း လီဗာကို အားကုန်ဖိနင်းထားမိသည်။ Mileage မှ မီတာတံလေး အဆုံးနား မရောက်တစ်ရောက် အထိ ဖြစ်နေသော ကား၏အရှိန်က အရမ်းမြန်လွန်းနေသည့်တိုင်
စိတ်ထဲတွင်တော့ သိပ်ကို နှေးကွေးလွန်းနေသည့်ဟု ခံစားမိသည်။ ဖြစ်နိုင်ရင် ဒီကမ္ဘာကြီးနှင့်ဝေးနိုင်သမျှ ဝေးကွာသော နေရာတစ်ခုဆီသို့ ပြေးသွားလိုက်ချင်မိတော့တာ။

နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော တစ်အူတုံဆင်း
မောင်နှမတစ်ယောက်နှင့် ပြန်လည်ဆုံစည်းရခြင်းဟာ အလွန်ဝမ်းသာစရာကောင်းသော ကိစ္စရပ်တစ်ခုဖြစ်သော်ငြားလည်း သူ ဝမ်းမသာနိုင်။
အတ္တကြီးတယ်ပဲပြောပြော နှလုံးသားမရှိဘူးပဲ ပြောပြော ကျေနပ်နိုင်သည်။ မိသားစုပင် ဖြစ်လင့်ကစား တစ်ချိန်ကလို အထင်အမြင်သေးတဲ့ မျက်လုံးတွေ၊ နှိမ့်ချတဲ့ အကြည့်တွေကို ရင်မဆိုင်ချင်တော့။ နာကျင်ဖူးတဲ့ အတိတ်ကို အစပြန်လည်တူးဖော်ဖို့ ဝေဒနာတွေကို သယ်ဆောင်လာသော လူတစ်ယောက်ကို ခရီးဦးကြို မပြုချင်တော့။

တိမ်ယံဦးဆိုသည့်နာမည်ကို မိသားစုတစ်ခု၏ သန်းခေါင်စာရင်းထဲမှ အပြီးအပိုင်ထုတ်လိုက်ကြသလိုပဲ။ ဘဝထဲကပါ အပြီးတိုင်ထုတ်လုိက်ကြပြီလေ။ သိက္ခာတရားတွေ၊ ကိုယ့်ကျင့်တရားတွေနဲ့ သားတစ်ယောက်ကို လဲလှယ်ခဲ့ကြပြီးပြီပဲ။
ကျေနပ်လိုက်ကြပါတော့။

အကွက်အကျကျ စီစဥ်ထားသလိုမျိုး တစ်ယောက်ပြီး တစ်ယောက်ပေါ်လာပြီး စနစ်တကျ ဒုက္ခပေးဖို့များ စီစဥ်ထားကြလေသလား။ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲကို ခဲလုံးတွေ တစ်လုံးပြီး တစ်လုံးပစ်ချဖုိ့လည်း မကြိုးစားကြနဲ့တော့။
ကျုပ်ဘဝက အနည်ထိုင်နေပြီ။

MSFOMH💛 {Completed}Where stories live. Discover now