P70

12.5K 1.2K 150
                                    

"ဟယ် သမီးလေး..ကလျာရယ် ၊ ဘယ်တွေလျှောက်သွားနေရတာလဲ ဒေါ်ပျာဖြင့် စိတ်တွေ
ပူနေတာ"

ကလျာ့ကုိ မြင်သည်နှင့် အပြေးလာဖက်သော ဒေါ်ပျာ့ပုံစံက နှစ်ရှည်လများ အိမ်မှ ထွက်သွားသူကို ပြန်တွေ့လိုက်ရသည့်အလား။
ငယ်ကတော့ ထိုသို့ အလွမ်းသယ်နေကြသော ကလျာတို့ကို ကြည့်ပြီး စောင်းကြည့်ကာ အပေါ်ထပ်သို့ တက်သွားလေတော့သည်။

အသော့်ခမျာတော့ ဒေါ်ပျာတို့ကို ဖက်ပြီးပဲ အလွမ်းသယ်ရမလား၊ ငယ်နောက့်ကိုပဲ ပြေးလိုက်ရမလား ဆိုတာမသိ။ ဧည့်ခန်းထဲ မတ်တတ်ရပ်လေး ရပ်ကာ ကြောင်နေမိသည်။
အခုအချိန်မှာ ကိုယ်က သူစိမ်းသက်သက်လေ...
ငယ်နဲ့ကလည်း အဆင်ပြေခါစရှိရုံဆုိတော့ အနောက်ကလည်း လိုက်မတက်သွားရဲ။ မတော်လို့ ဘာလိုက်လုပ်တာလဲ မေးမှ အရှက်ကွဲရချည်ရဲ့။
ထို့ကြောင့် ရပ်နေသော နေရာလေးမှာပင် မျက်လုံးတွေက ဟုိကြည့် ဒီကြည့်။။

"ဟိုတစ်ယောက် ဘာလုပ်နေတာလဲ အဲ့ဒီမှာရပ်ပြီး၊
ဘာလဲ ဒေါ်ပျာ နှပ်တွေ လာစင်မဲ့ အချိန်ကိုစောင့်နေတာလား"

လှေကားတစ်ဆစ်ချိုးအနားအရောက်တွင် လှမ်းခေါ်လိုက်သော ငယ့်၏အသံကြောင့် အသော်တစ်ယောက် ရှိုးတိုးရှန်းတန်းဖြစ်သွားကာ လည်ဂုတ်ကို လက်ဖြင့်အသာပွတ်လိုက်လေသည်။ ပြီးနောက်
ငယ့်ကို တချက်ရယ်ပြလိုက်ကာ

"ဟို..ကိုယ် ...ပြန်တော့ရင် ကောင်းမလားလို့"

ဟု ပါးစပ်ထဲရှိရာ ကောက်ပြောလိုက်မိတော့သည်။ မတက်နိုင်ဘူး..အထင်လွဲချင်ရင်
လည်း လွဲပါစေတော့။

ထင်သည့်အတုိင်းပါပဲ။ အသော့်စကားကြောင့် ငယ်က မျက်မှောင်တချက် ကျုံ့လိုက်ကာ

"ဘာလဲ ခင်ဗျားက ကျုပ်နဲ့ အတူမနေချင်ဘူးလား၊
အဲ့ဒါဆိုရင်လည်းပြန်လေ၊ နောက်ဘယ်တော့မှ ဒီအိမ်ကို မလာခဲ့နဲ့"

ဟု ပိတ်ပြောကာ အပေါ်သို့ ပြေးတက်သွားလေတော့သည်။

"ဟုတ်သားပဲ ကိုသော်တာကလည်း ငယ်နဲ့ပဲ ဒီမှာ အတူတူနေလေ၊ ဘာဖြစ်လို့လဲ"

ငိုနေသော ဒေါ်ပျာကို ချော့လျက်မှ ကလျာက ဝင်ပြောတော့ အသော့်မျက်နှာက နီသထက်နီလာကာ

MSFOMH💛 {Completed}Where stories live. Discover now