P37

11.5K 1.2K 109
                                    

"နာမည်"

"ထူးမြတ် ပါ "

"အသက်"

"၂၁နှစ် ပါ"

"ဘယ်ဇာတိလဲ"

"ဧရာဝတီတိုင်းကပါ"

"အခု ဘယ်မှာနေတာလဲ"

"ဟို ... ဟို..နေစရာ နေရာမရှိ ..."

မေးတစ်ခွန်းဖြေတစ်ခွန်းဖြင့် ဆက်တုိက် အမေးအဖြေလုပ်လာလိုက်တာ နေထိုင်သည့်နေရာမေးလိုက်သည့်အခါတွင်တော့ အရာအားလုံး
ဆုံးခန်းတိုင်သွားသည်။

"မင်း အလုပ်လိုချင်လား"

"ငယ်! သူက ဘယ်ကလာမှန်းမသိ ဘယ်သူမှန်း မသိနဲ့ ၊ ဒီမှာ အလုပ်ပေးလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ"

ငယ့်ရဲ့ အမေးကို ကြားထဲမှ ဝင်ဟန့်ကာပြောလိုက်သူက ကလျာ။ ထို့ကြောင့် ငယ်နှင့် ထူးမြတ်၏အကြည့်တွေက ကလျာဆီသို့ရောက်သွားလေသည်။

ထို့နောက် ငယ်က သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေကာ မီးသတ်လိုက်ပြီး
ကလျာ့ကို အေးစက်စွာ စကားတစ်ခွန်းပြောလိုက်လေ၏။

"ဒေါ်ကလျာကို ကျုပ် အလုပ်ပေးခဲ့တုန်းက
ဘယ်ကလာလဲ ဘယ်သူမှန်းသိလျက်နဲ့ အလုပ်ပေးခဲ့တာလား"

သိပ်ကို ထိရှသော မေးခွန်းကြောင့် ကလျာတစ်ယောက်ဘာမှ ဆက်မပြောနိုင်တော့ချေ။ ငယ်ဆိုသည်မှာ ထိုကဲ့သို့ လူစားမျိုး။
ထို့နောက် ကလျာ့ဆီမှ အကြည့်ကို လွှဲလိုက်ကာ မျက်နှာချင်းဆိုင်တွင် ကုတ်ကုတ်လေးထိုင်နေသော ထူးမြတ်ဆီသို့ တည့်တည့်မတ်မတ်
ပြန်ကြည့်လိုက်လေသည်။

"မင်း အလုပ်လုပ်ချင်တယ်ဆို ငါ့ဆီမှာ အလုပ်ဝင်လို့ရတယ်၊ ဘာအလုပ်လည်းတော့မမေးနဲ့ ခိုင်းတာ အကုန်လုပ်နုိင်ရမယ်၊ တန်ရာတန်ကြေးလစာပေးမယ်၊ မနိုင်ဝန် မထမ်းခိုင်းဘူး၊ လိုအပ်ရင် လူပါသတ်နိုင်ရမယ်"

"ခင်ဗျာ"

မနိုင်ဝန်မထမ်းရဟုဆိုပြီး လိုအပ်လျှင်လူသတ်ရမည်ဆိုသောစကားကြောင့်် ပါးစပ်လေးဟသွားသည်အထိ အံ့ဩသွားေသာ ထူးမြတ်၏ မျက်နှာပေးကို ကြည့်ပြီး ငယ်က မခို ့တရို ့ပြုံးလိုက်လေသည်။ သိပ်ကို မြင်ရခဲ့လှသော အပြုံးတွေ....။

MSFOMH💛 {Completed}Where stories live. Discover now