P11

12.4K 1.3K 92
                                    

"ပြဿနာကတော့ တက်ပြီလား မသိဘူးဟေ့"

"ဘာဖြစ်လို့လဲ"

သီဟ စကားကို စိတ်ဝင်တစား မေးလိုက်သူက
ဟိန်းသူ။

"သော်ကြီးက သောကြာနေ့ ညနေထဲက အိမ်က ထွက်သွားတာတဲ့ ၊ ငါ ရောင်နီနဲ့ တွေ့ခဲ့တယ်
မနက်ဖြန် ပြန်လာမယ်ပြောပြီး ထွက်သွားတာတဲ့
ဖုန်းဆက်တာလည်း မကုိင်ဘူးပြောတယ်"

"ဒါဆို မင်းထင်သလိုများ သော်ကြီးနဲ့ တိမ်ယံတို့က အတူရှိနေတာများလား"

ဟုထွန်းတောက်က ထင်မြင်ချက် ဝင်ပေးလေသည်။

ထိုအခါ သီဟက ထွန်းတောက်စကားကို ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ပြီး

"အေး ငါလည်း အဲ့တာကိုပဲ တွေးနေတာ
တိမ်ယံကသော်ကြီးနဲ့ နောက်ဆုံးတွေ့ခဲ့တာဆိုတော့ ဖြစ်နိုင်ချေတော့ ရှိတယ်ကွ ၊ ဒါပေမဲ့ တစ်ဖက်က ပြန်စဥ်းစားကြည့်ရင်လည်း သော်ကြီးနဲ့တိမ်ယံတို့ကြားမှာ ဘာမှပတ်သတ်စရာ အကြောင်းမရှိဘူးလေ အဲ့ဒီတော့ အတူတူရှိနေစရာ အကြောင်းလဲ ဘာမှမရှိဘူးကွ"

"ဒါလဲ ဟုတ်တယ်ကွ"

သီဟတို့ သုံးယောက်သား အချင်းချင်း အပြန်အလှန် စကားပြောနေသည့်အထဲသို့ ဝင်မပါဘဲ နှုတ်ဆိတ်နေသူက ရှိုင်းထက်။ ထို့ကြောင့် သီဟ က ရှိုင်းထက်ကို တချက်လှမ်းကြည့်လုိက်ကာ မေးခွန်း ထုတ်လိုက်လေသည်။

"ဟေ့ကောင် ရှိုင်းထက် မင်း သော်ကြီးနဲ့ ပတ်သတ်ပြီး တစ်ခုခုကို သိထားတယ်မှတ်လား ၊ မင်းကို ကြည့်ရတာ တစ်ခုခုကို လျို့ဝှက်ထားသလိုပဲ၊ ပြောပြစမ်းပါ သိရင်လည်း ဒီမှာ အကုန်လုံးက စိတ်ပူနေကြတာ "

ထိုအခါမှ ရှိုင်းထက် က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စကားစရန်ပြင်လေသည်။

"ငါ ထင်နေတဲ့ အရာက မသေချာတော့ ပြောရင်ကောင်းမလား မပြောရင် ကောင်းမလား စဥ်းစားနေတာ ၊ ဒါပေမဲ့ ငါ သော်ကြီးဖုန်းပြောနေတာတော့ သေချာကြားလုိက်တယ်၊
အဲ့ဂျာကင်ကို သေချာသိမ်းထား မနက်လင်းတာနဲ့ငါလာယူမယ်ဆိုပြီး တစ်ယောက်ယောက်ကို ပြောနေတာ ၊ ဘယ်သူ့ကို ပြောနေသလဲဆိုတာတော့ ငါမသိဘူး ၊ ဒါပေမဲ့ တိမ်ယံက မနက်အစောကြီး အိမ်က လမ်းလျှောက်ထွက်မယ် ပြောသွားတာဆိုတော့ ဆက်စပ်မှုများရှိမလားလို့"

MSFOMH💛 {Completed}Where stories live. Discover now