P7

13.3K 1.4K 59
                                    

အချစ်ကြောင့် အသက်ကိုစွန့်၏။
အချစ်ကြောင့်ကြီးပွားရာလမ်းကိုဖျက်၏။
အချစ်ကြောင့် ပညာကိုအဆုံးခံကြ၏
အချစ်ကြောင့် မိဘကိုစွန့်၏။
ထိုကဲ့သို့သော အချစ်မျို းကို 'တကယ့်အချစ်' ဟုခေါ်လေသည်။
( ပီမိုးနင်း)
............................................................................

ကျွန်တော် ခံယူထားတဲ့ အချစ်ဆိုတာ ဆရာကြီး ပီမိုးနင်း၏ ဒဿန လိုပဲ။ အချစ်ကြောင့် ကျွန်တော် အရာရာကို စွန့်လွှတ်နိုင်ပါသည်။ နောက်ပြီး
ကျွန်တော်က ကံတရားကို ယုံကြည်တဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက်..ကွျန်တော်ဖြစ်တည်လာရတဲ့ ဘဝဟာ မည်သူတစ်ဦးတစ်ယောက်အပေါ်ကို
မထိခိုက်နိုင်ဟု သတ်မှတ်ထားသည်။

ပတ်ဝန်းကျင်က အပြစ်ပြောကောင်းပြောလိမ့်မည်
မိဘ ဆေွမျိုး ညီအစ်ကိုမောင်နှမတွေက မုန်းတီးကောင်း မုန်းတီးသွားလိမ့်မည်။ သို့သော် ထိုအရာတွေကို သူမကြောက်။ ဆယ်ကျော်သက် အရွယ်မှာ အချစ်ကို ဦးစားပေးပြီး ဦးနှောက်မရှိတဲ့ လုပ်ရပ်လို့ ထင်ချင်ထင်ကြပါစေ။

စောစောက ကွျန်တော်ပြောသလိုပဲ အချစ်အတွက်နဲ့ အရာအားလုံးကို သေချာပေါက်စွန့်လွှတ်နိုင်ပါသည်။
အစ်ကို့အနားမှာ နေခွင့်ရဖို့ဆိုရင် ဘာမဆိုလုပ်ရဲပါသည်။

ဒါဟာ..ကွျန်တော့် နှလုံးသားထဲက ခိုင်မာသော သစ္စာစကားပဲ။

နှလုံးသားရဲ့အဆုံးအဖြတ်နောက်ကို ကွျန်တော်လိုက်မယ် အစ်ကို...ြဖစ်လာသမျှ အရာရာဟာ ကွျန်တော့်ကံတရားပဲပေါ့။

အမြဲတမ်း မဟုတ်ရင်တောင် ကျွန်တော့်ဘက်မှာ ခဏလေး ရှိနေဖို့ မျှော်လင့်မိပါတယ်။

တိမ်ယံဦး

............................💕💕💕.............................

အိပ်ယာထဲ ဝင်ခါနီး အချိန်မတော်ဝင်လာသော ဖုန်းသံကြောင့် ဖုန်းကိုပြေးကိုင်လိုက်တော့ အစ်မဖြစ်သူ တိမ်လွှာ။

နာရီကို အမှတ်မထင် မော့ကြည့်လိုက်တော့ မနက် ၁၂း၁၅ ...သန်းခေါင်ယံတောင် ကျော်နေလေပြီ။
အချိန်မတော်မှ ဖုန်းခေါ်သည်မို့ စိတ်ထဲ တစ်မျိုးဖြစ်သွားပေမဲ့ အစ်မဖြစ်သူ၏အသံမာမာကို ကြားလိုက်ရမှ စိတ်ထဲ ဒုန်းဒုန်းချမိသည်။

MSFOMH💛 {Completed}Donde viven las historias. Descúbrelo ahora