P34

12K 1.2K 25
                                    

မြန်မာတို့၏ ကျောက်စိမ်းသိုက်တည်ရှိရာ ဖားကန့်ရတနာမြေ

ကချင်ပြည်နယ်၊ မုိးညှင်းခရုိင်၊ ဖားကန့်မြို့ကို ဗဟိုပြု၍ ဥရုချောင်း၏ ဝဲယာဘက်ကမ်းတွင်တည်ရှိသည်။ ကျောက်စိမ်းထွက်ရှိရာနှင့် တူးဖော်ရာနေရာကို မှော်ဟု ခေါ်တွင်ပြီး အနယ်နယ်အရပ်ရပ်မှ လူငယ်လူရွယ်များ လာရောက် အလုပ်လုပ်ကိုင်ကြသော နေရာလည်းဖြစ်သည်။ ထိုကဲ့သို့
မိဘ ဆေွမျိုး မောင်နှမတွေနှင့်ဝေးရာ ဤဒေသသို့
စွန့်စွန့်စားစား လာရောက် အလုပ်လုပ် ကိုင်ကြသော ရည်ရွယ်ချက်ကလည်း ကြီးမားလှသည်။
ဆင်းရဲတွင်းနက်နေသော မိမိတို့၏ဘဝကို
တစ်မဟုတ်ချင်း ပြောင်းလဲသွားကာ ပြည့်စုံချမ်းသာသော ဘဝသို့ အလျှင်အမြန်ရောက်နိုင်ရေး တစ်နည်းအားဖြင့် လောပန်တစ်ယောက်ဖြစ်ဖို့အရေး ဟူသော မျှော်လင့်ချက်ကလေးကို ပိုက်လျက်။ မှော်ထဲသုိ့ ခြေချလိုက်သည်နှင့် မိမိကုိယ် မိမိ လောပန်လောင်းတစ်ယောက်အဖြစ် ခံယူကာ
ဘဝအသစ်ကုိ စရန်ကြံရွယ်ခဲ့ကြပေမဲ့လည်း တကယ်တမ်းလက်တွေ့မှာတော့ ကျောက်တူးရန် သံချောင်းလေးတစ်ချောင်းကိုင်ကာ ရေမဆေး ကျောက်သမားဘဝကနေ ရုန်းကန်ခဲ့ကြရသည်။
အသက်၁၀နှစ်အရွယ်မှစပြီး အသက်၆၀အရွယ်အထိ ကလေး လူငယ် လူရွယ် လူကြီး အသက်အပိုင်းအခြား မရွေးဘဲ ရင်ဘောင်တန်းကာ လုပ်ကုိင်နိုင်သော အလုပ်တစ်ခုဆိုလျှင်လည်း မမှားပေ။ ပညာအရည်အချင်းမလို၊ ဘွဲ့လက်မှတ်မလို၊ ရုပ်ရည် ပကာသဏမလိုဘဲ ကိုယ်လုပ်နိုင်ရင်
ကိုယ်ရမည် ကိုယ်ရှာနိုင်ရင် ကိုယ်ရမည် ကိုယ်ကံကောင်းရင် ကိုယ်ချမ်းသာမည်ဟူသော
ရေမဆေး ကျောက်သမားများ၏ဘဝ။
ကံရှိပေမဲ့ ဉာဏ်မရှိပြန်လဲ မရ၊ ဉာဏ်ရှိသော်လည်း ဝီရိယ မရှိ၍လည်း မရ၊
အကျိုးအကြောင်းဆက်စပ်နေသော ထိုကျင်လည်နေရသည့် အသုိက်အဝန်းထဲတွင် လူရည်လည်ပြီး ဉာဏ်သာသောသူတစ်ချို့က
ကံနှင့်ဝီရိယအားကောင်းသောသူတစ်ချို့ကို ခေါင်းပုံဖြတ်ကာ ကြီးပွားနေကြလေရဲ့။

လုပ်ကွက်များစွာရှိသော ထိုမှော်ဝိုင်းကြီးထဲတွင်
စက်ယန္တရားကြီးများကို အသုံးပြုကာ တောင်များကိုဖြိုချ၍ရရှိလာသော ကျောက်သားအစိုင်အခဲများကို သတ်မှတ်ထားသည့်နေရာတွင်သွန်မှောက်ကာ ပုံချပေးလိုက်သည်နှင့်တစ်ပြိုင်နက် ......။

MSFOMH💛 {Completed}Where stories live. Discover now