P73

10.3K 1.1K 22
                                    

အဆက်မပြတ် မြည်နေသော ဖုန်းသံကြောင့်
အသံကြားရာ နေရာသို့ လက်တစမ်းစမ်းဖြင့်။
ညက သောက်တာ များထားသည့် အရှိန်ဖြင့် ခေါင်းက တဆစ်ဆစ်ထိုးကိုက်၍နေေသးသည်။
သီချင်းဆိုပြမည်ဟု ဆိုကာ ဂစ်တာတစ်လက်ဖြင့် ဖျော်ဖြေနေသော အစ်ကို့အသံကို နားထောင်ရင်း ဘယ်က ဘယ်လို သောက်သည့်စခန်းသို့ရောက်သွားလိုက်ကြသည်မသိ။ ဘီယာနှစ်ဘူးနဲ့တင် ချာချာလည်နေသော အစ်ကိုက အရင်မှောက်သွားလေသည်။ သူကတော့ လက်ကျန်ဖြတ်ရင်း ရေချိန်အတော်လေးကိုက်သွားတာတော့အမှန်။
ဒေါ်ကလျာရဲ့ ပွစိပွစိပြောသံတွေကိုတော့ ကြားမိပါသေးရဲ့။ သုိ့သော် ရန်ပြန်မတွေ့နိုင်။ လူမှန်းသူမှန်းမသိအောင် မူးနေသော ကျေးဇူးရှင်ကို ချီပိုးနေရတာနဲ့တင် လူက အတော်လေး ပြိုင်းသွားခဲ့သည်။
အခန်းထဲက ကုတင်ပေါ်သုိ့ရောက်သည်နှင့်
နှစ်ယောက်သား တချိုးတည်း အိပ်ပျော်သွားလိုက်ကြတာ မိုးစင်စင်လင်းသည်အထိပင်။

ပြတင်းပေါက်မှ နေရောင်ခြည်တချို့ အခန်းထဲ ရောက်နေပြီးဆိုကတည်းက နေအတော်မြင့်နေကြောင်းသိလိုက်ရသည်။ ပုံမှန် အိပ်ယာထချိန်ထက် နောက်ကျနေပြီဆိုတာ ကိုလည်း သတိပြုမိသည်။ ထို့အပြင် တစ်ကြိမ်မက ပုိမြည်နေသော ဖုန်းသံကြောင့် ကျိန်းစပ်နေသော မျက်လုံးကို အားယူဖွင့်ကာ ဖုန်းကို ကိုင်လိုက်မိတော့သည်။

"ဟဲလို ဆရာ"

"အေး ရဲနောင် ပြော"

"ဟိုလေ...ဆရာ.."

ရဲနောင်၏ မပွင့်တပွင့် လေသံကြောင့် တစ်ခုခုဖြစ်နေပြီဆိုတာကို သိလိုက်ပြီ။ ထို့ကြောင့် အိပ်ယာထဲမှ ငေါက်ခနဲ ထထိုင်လိုက်ကာ မေးခွန်း ထုတ်လိုက်မိတော့သည်။

"ဘာဖြစ်လို့လဲ ရဲနောင် ၊ ပြောစရာရှိတာ ပြော"

သူ့ အသံအနည်းငယ် ကျယ်သွားသည်ထင်။ နံဘေးတွင် နှစ်နှစ်ခြိုက်ခြုိက် အိပ်မောကျနေရာမှ အနည်းငယ် လူးလွန့်လာသော အစ်ကုိ့၏ ခန္ဓာကိုယ်ကြောင့် ဖုန်းကိုင်ထားလျက်မှ အသာအယာလှမ်းပုတ်ကာ ပြန်သိပ်လိုက်ရသည်။

"ဆရာပြန်လွှတ်လိုက်တဲ့ လူနှစ်ယောက်လေ၊
ဟို..ထက်မြက် နဲ့ ဂျင်..ဘာဆိုလား၊ သူ..သူတို့နှစ်ယောက်ကို ရဲတွေ ဖမ်းသွားကြတယ်တဲ့"

MSFOMH💛 {Completed}Where stories live. Discover now