P53

11K 1.1K 32
                                    

ပြေလည်မှု လမ်းစကို ရှာတွေ့ခါနီးမှာ
လမ်းဘေးကို တွန်းချခံလိုက်ရသလိုပဲ။
မတော်တဆ ထောက်မိလိုက်တဲ့ လက်ဖဝါးတွေဟာလည်း သွေးချေဥလျက်ပေါ့...။

အသော် 👣
...............................................................................

ဆောင်းနံနက်ခင်း၏ အလှက သိပ်ကို လှပနေပေမဲ့
ပတ်ဝန်းကျင်တစ်ခုလုံးက အကျည်းတန်စွာ ရုပ်ဆိုးနေလေ၏။ ကယ်ပါ ကူပါ တစာစာနှင့် ပြေးလွှားလှုပ်ရှားနေကြသော အသံတွေ၊ ဟိုဘက်မှာ ဒီဘက်မှာ အစရှိသဖြင့် လက်ညိုးထိုးညွှန်ပြမှုတွေ ၊ ယောကျာ်းကြီးတွေတန်မဲ့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး တောက်တခတ်ခတ်ဖြစ်မှုတွေအကြား အဘယ်သို့သော အားကိုပြုလျက် လှပနိုင်အုံးမည်နည်း။

"ဟိုဘက်နားမှာ ဆရာ ၊ ဟိုဘက်နားမှာ"

"ကျော်ဦးလည်း ပါသွားတယ်၊ ဒီကောင်ကွာ ငါအတန်တန် မှာရဲ့သားနဲ့ ..တောက်!"

"မြေသယ်ကား ငါးစီးလောက်ပါ. မြှပ်သွားတယ်၊
နှစ်စီးက ယာဥ်မောင်းပါတယ်"

"ကျွန်တော့်မျက်စိရှေ့တင်ဘဲ ဝေါခနဲ ကျွံဆင်းသွားတာ တစ်မိနစ်တောင် မကြာလိုက်ဘူး"

အစရှိသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော စကားသံများက မှော်တစ်ခုလုံး၌ ဆူညံလျက်။ ထို့နောက် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှာဖွေကယ်ဆယ်ရေးတွေ ဆင်းလာကြပြီ ဖြစ်သလို ပရဟိတ အဖွဲ့အစည်း တချို့လည်း အကူအညီပေးဖုိ့ ရောက်ရှိလာကြလေပြီ။

ထိုအချိန်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော အနက်ရောင် ကားတစ်စီး၏ ကျယ်လောင်သော ဘရိတ်အုပ်သံနှင့်အတူ ထိုကားပေါ်မှ ကသုတ်ကရုိက်ပြေးဆင်းလာသော လူတစ်ယောက်က အခင်းဖြစ်ပွားရာ နေရာအနီးသို့ အသားကုန်ပြေးလာနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသူကား... ဤ လုပ်ကွက်၏ပိုင်ရှင် ယံဦးငယ် ခေါ် ဦးငယ်။

"ဟာ ဆရာ အရမ်း မသွားနဲ့၊ အန္တရာယ်များတယ်"

သတိပေးစကားသံနှင့်အတူ အနောက်မှ လှမ်းဆွဲလိုက်သူက ရဲနောင်။

"ဖယ်စမ်းပါကွာ"

ရဲနောင်၏လက်ကို အားဖြင့်ဆောင့်ဖြုတ်ကာ အရှေ့သို့ ကမူးရူးထိုး ဆက်လက်တိုးသွားသည့်သူက.... ငယ်။
မျက်နှာပြင်တစ်ခုလုံး နီရဲတွတ်နေရုံသာမက ငိုချတော့မည့်ပုံစံမျိုးပါဖြစ်နေလေသည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အနီးအနားရှိ ကယ်ဆယ်ရေးများနှင့် ကူညီဆောင်ရွက်သူများကို အရူးတစ်ယောက်လို အော်ဟစ်သောင်းကျန်းတော့လေသည်။

MSFOMH💛 {Completed}Où les histoires vivent. Découvrez maintenant