P66

11.5K 1.2K 51
                                    

"ကော်ဖီ ပူပူလေး သောက်လိုက်ပါအုံး"

စားပွဲပေါ် လာချပေးသော ကော်ဖီခွက်ကို စောင်းငဲ့ကာ ကြည့်လိုက်ေသာ တိမ်လွှာ့မျက်လုံးများက
မယုံသင်္ကာ။ ကလျာကတော့ ဧည့်ဝတ်ကျေအောင်
အပြုံးမပျက် ဧည့်ခံနေရှာလေသည်။

အိမ်ထဲကို ရောက်ကတည်းက အိမ်ဝယ်မည့် လူတစ်ယောက်လို တစ်အိမ်လုံးကို စေ့စပ်သေချာစွာ လိုက်ကြည့်နေသော တိမ်လွှာ့ကိုတော့ ဒေါ်ပျာက မျက်စောင်းတထိုးထိုး။

မီးဖိုခန်းထဲ ကော်ဖီဖျော်တုန်းကတောင် ကလျာ့အနားကပ်ကာ တွတ်ထိုးနေေသာ ဒေါ်ပျာက
တိမ်လွှာ့ကို ဘယ်လောက်အထိ အမြင်ကပ်နေသလဲဆိုတာ မေးစရာတောင်မလို။

"ဒါနဲ့ မတိမ်လွှာက ဒီကို တာဝန်နဲ့ ပြောင်းလာတာလား"

ကလျာ့၏အမေးကို တိမ်လွှာက စပ်စုရန်ကော ဟူသည့် အကြည့်မျိုးဖြင့် စားပွဲပေါ်မှ ကော်ဖီခွက်ကုိ လှမ်းယူကာ တစ်ကျိုက်မော့သောက်လိုက်လေသည်။ ကော်ဖီ၏အရသာကို မြည်းစမ်းကြည့်လိုက်ရသည့်အပေါ် စိတ်တိုင်းကျသွားသည်ထင်...
အနည်းငယ် ကျေနပ်သွားသည့် အရိပ်အယောင်မျိုး မျက်နှာပေါ်ဖြတ်သန်းသွားသည်ကို ကလျာက အမိအရဖမ်းမိလိုက်၏။ ထို့ကြောင့် ကလျာကြည်၏ အပြုံးတစ်ပွင့် ဖြစ်တည်ပြန်သည်။

"ဒါနဲ့ ရှင်က ဒီမှာ အလုပ်လုပ်တာ ကြာပြီလား၊
တိမ်ယံကရော ဘယ်လိုစီးပွားရေးမျိုး လုပ်နေတာလဲ"

ကိုယ်မေးတာကို မဖြေပဲ ကိုယ့်ကို အမှတ်မထင် ထမေးလိုက်သော တိမ်လွှာ၏အမေးကြောင့်
ကလျာက ရုတ်တရက် ဘာဖြေရမှန်းမသိ။

"ဟို....ငယ်လာမှပဲ မတိမ်လွှာကိုယ်တိုင်မေးကြည့်ရင် ပိုကောင်းမယ် ထင်တယ်၊ ငယ့်ဆီက ခွင့်ပြုချက်မရဘဲ ကလျာက ဘာမှ လုပ်ပိုင်ခွင့်မရှိလို့ပါ"

ပြောမဲ့သာပြောလိုက်ရတာ တကယ်တမ်းကျ ငယ့်ခွင့်ပြုချက်မရဘဲနဲ့တောင် တိမ်လွှာတစ်ယောက်လုံး အိမ်ထဲကို ရောက်နှင့်နေပြီ။
မိမိကိုယ် မိမိ ဘာတွေလုပ်လို့လုပ်နေမိမှန်း
မသိသော ကလျာတစ်ယောက် စိတ်နဲ့ လူနဲ့မကပ်။
ငယ်ပြောသလို အခုတလော သူတော်တော်လေး
ကန့်လန့်ဆန်တာတွေ များနေပြီလား။

MSFOMH💛 {Completed}Where stories live. Discover now