P82

10K 957 15
                                    

"ငယ်"

"ဗျာ"

သူ့ခေါ်သံကို ငယ်က ချက်ချင်းထူးလုိက်ပြီး အနားသို့ကပ််ကာ လာထုိင်တော့ ကျင့်သားရနေပြီဖြစ်တဲ့ သူ့၏လက်တွေက ငယ့်ခန္ဓာကုိယ်လေးကို ပေါင်ပေါ်သို့ ဆွဲတင်လိုက်လေသည်။ ငယ်ကလည်း အလိုက်သင့်ပင် သူဆွဲခေါ်ရာနောက်သို့ လိုက်ပါလာပြီး ပေါင်ပေါ်တွင် တက်ထိုင်လိုက်လေသည်။
နှစ်ဦးစလုံး ရေချိုးပြီးကာစ အချိန်မို့ သင်းပျံ့လတ်ဆတ်နေသော ဆပ်ပြာနံ့ ရှန်ပူနံ့တို့က ချိုအီစွာ ပျံ့လွင့်နေဆဲမို့ ဘာမှန်းမသိသော ဆွဲဆောင်မှု နှစ်ခုက သူတို့နှစ်ယောက်အကြား ရှိနေသည်မှာ အမှန်။

"တစ်နေ့ကုန် အလုပ်တွေ များနေတာ ပင်ပန်းနေမှာပေါ့"

ငယ့်ဆံပင်လေးတွေကို အသာအယာသပ်တင်ပေးကာ ပြောလိုက်တော့ ငယ်က သူ့လည်ပင်းကို ရစ်သိုင်းကာ ဖက်လိုက်ပြီး ခါးကိုမတ်ကာ သူ့ခေါင်းပေါ်သို့ မေးစေ့ကို ရအောင် တင်လိုက်လေသည်။
ထို့နောက် သူ့ဆံပင်တွေကို လက်ညိုးကလေးဖြင့် ရစ်ကစားကာ

"အင်း..နည်းနည်းတော့ ပင်ပန်းတာပေါ့၊ ဟိုပြေးရ ဒီပြေးရ ဆိုတော့ လူလည်း အတော်ဂါသွားတယ်၊
ဒီကြားထဲ တိုးကြီးကပါ နှောင့်လိုက်တော့့ အချိန်တစ်နာရီလောက် ပုပ်သွားသေးတယ်"

ငယ်ပြောသမျှ အကြောင်းအရာမှန်သမျှ သူငြိမ်သက်စွာ နားထောင်ရင်းမှ ငယ့်ခါးလေးကုိ တင်းကျပ်စွာ ဖက်ထားလိုက်တော့ ငယ့်ကိုယ်လေးက တွန့်ခနဲဖြစ်သွားလေသည်။ ထို့နောက် သူ့ဆံပင်တွေကို ငုံ့နမ်းလိုက်သည်ထင်..အသက်ရှူသံ တချို့နှင့် လေငွေ့နွေးနွေးက ခေါင်းပေါ်ထိကပ်သွားသည်မို့...။

"ငယ် ကိုယ့်ကုိ ပြောစရာတွေ ဘာတွေမရှိဘူးလား"

တစ်ခုခုကို သိထားတာ ရှိသလိုလို၊ ဒါမှမဟုတ် သိချင်တာရှိသလိုလို ပုံစံမျိုးနှင့် စကားဦးသန်းလိုက်တော့ ငယ်က သူ့အမေးကို လိမ်မာ ပါးနပ်စွာ ရှောင်ရှားသွားလေသည်။

"ရှိတာပေါ့၊ အစ်ကို့ကို လွမ်းတဲ့ အကြောင်းတွေ ပြောရမှာမှ အများကြီးရယ်"

"ဟုတ်ပါပြီဗျာ..ပြောပြပါအုံး၊ အဲ့ဒီလွမ်းတဲ့ အကြောင်းတွေကို"

MSFOMH💛 {Completed}Where stories live. Discover now