P75

9.7K 1.1K 28
                                    


"မကလျာ ၊ အချိန်ရရင် ကျွန်တော်နဲ့ စကားပြောရအောင်"

မမျှော်လင့်ဘဲ ရောက်လာတဲ့ စာလေးတစ်စောင်ကို
အကြိမ်ကြိမ်အဖန်ဖန် ထုတ်ကြည့်ရင်း ရင်တွေတုန်နေမိသူက ကလျာကြည်။ ဘယ်လို အကြောင်းအရာတွေ ၊ ဘယ်လိုမျိုးစကားတွေ ပြောမလဲဆိုတာ သေချာမသိပေမဲ့ ငယ်နှင့်တစ်ခုခုပတ်သတ်နေမည်ဆိုတာ မပြောခင်က ကြိုသိနှင့်လေပြီ။ ကိုသော်တာဆိုတာ ငယ့်အကြောင်းက လွဲရင် တခြားဘာအကြောင်းအရာမှ သူနှင့်တရင်းတနှီး မပြောခဲ့ဖူးသော လူတစ်ယောက်။
အခုလို ခွင့်ပြုချက်တောင်းပြီး စကားဦးသန်းလာသည့် အချိန်တွင်တော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရသည်။ ယခုအချိန်မှာ ငယ်နှင့်ပတ်သတ်ပြီး ဖုံးကွယ်ထားသော တချို့အရာတွေကလည်း ရှိသေးသည်မို့....။

ကလျာတစ်ယောက် အသော်နှင့်ချိန်းထားသော နေရာသို့ ကြိုတင်ရောက်နှင့်နေပြီး စိတ်ပူစွာဖြင့် တွေးမိတွေးရာ လျှောက်တွေးနေလေတော့သည်။

ထိုသုိ့တွေးပြီး သိပ်မကြာခင်မှာပင် ကလျာထိုင်နေသော လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာသော လူတစ်ယောက်။ မဖြူအညို အသားခပ်လတ်လတ်
နှင့် မြင့်မားသောအရပ်အမောင်းရှိသူ...ပိရိသေသပ်သော နှုတ်ခမ်းတွေကို ပိုင်ဆိုင်ထားပြီး
အပြုံးချိုချိုရှိသူ။

"ကိုသော်တာ..ကလျာ ဒီမှာ"

အသော့်ကို မြင်သည်နှင့် ကလျာက လက်ကိုဝှေ့ယမ်းပြလိုက်ကာ အပြုံးနှင့် စတင်နှုတ်ဆက်လိုက်သည်။ ကလျာဆိုသည်မှာလည်း အရွယ်နှင့်မလိုက်အောင် နုဖပ်ပြီး ချောမောလှပသည့် အမျိုုးသမီးတစ်ဦးမို့ လက်ဖက်ရည်ဆိုင်အတွင်းမှ လူတချို့က ကွက်ကြည့် ကွက်ကြည့် လုပ်၍နေကြလေသည်။

ကလျာ့ကို ဒီနယ်တစ်ဝိုက်တွင် ဦးငယ်နှင့်ပတ်သတ်ပြီး သတိထားမိသူတော်တော်များများ ရှိကြသလို တချို့ဆို ဦးငယ်၏မိန်းမဟုပင် ထင်ကြေးပေးကြသေးသည်။ ယခုလို တခြား တစ်စိမ်းတစ်ယောက်နှင့် နှစ်ယောက်အတူရှိနေကြသည်ကို တစ်ယောက်ယောက်သာ သိသွားရင် သေချာပေါက် ငယ်နားထဲသို့ ပြန်ရောက်မှာ အသေအချာပင်။ ဒီနယ်တစ်ဝိုက်မှာ ငယ့်တပည့်တပန်းတွေကလည်း များလွန်းလှသကုိး။
ထို့အပြင် အသော်ကလည်း လူစိမ်းတစ်ယောက်ဖြစ်သေးသည်။

MSFOMH💛 {Completed}Where stories live. Discover now