P21

11.7K 1.2K 117
                                    

သစ်လွင်တောက်ပနေသော ပြာလဲလဲ့ကားလေးတစ်စီး၏အပေါ်တွင် ဒူးလေးနန့်ကာ သီချင်းလေးညည်းလျက် မောင်းနှင်လာသော သော်တာဆန်း။
ချိန်းထားသည့်နေရာသို့ အချိန်မှီရောက်ရန် ကီလိုမီတာအနည်းငယ်ကျော်ကာ မောင်းနှင်နေပြီး
မျက်လုံးကလည်း နာရီကို တကြည့်ကြည့်။

Glamo Club

"ကျွီ....."

ကားကို ဘရိတ်သံအကျယ်ကြီးဖြင့် ဆောင့်အုပ်လိုက်ကာ လူအများ၏စိတ်ဝင်စားခြင်းကုိခံယူလိုက်လေသည်။ ထို့နောက် ကားပေါ်မှ ပေါ့ပါးသွက်လက်စွာ ဆင်းလာပြီး လေလေးတချွန်ချွန်ဖြင့် ကလပ်ထဲသုိ့ ဝင်သွားလေတော့သည်။ တီရှပ်အဖြူစွတ်စွတ်၏ အပေါ်၌ အနက်ရောင် ဂျာကင်တစ်ထည်ကို ထပ်ဝတ်ထားကာ ဒူးဖုံးရုံဘောင်းဘီတိုဖြင့် ပေါ့ပါးသွက်လက်သော လူငယ်စတိုင်ကို ဝတ်ဆင်ထားသည်မို့ တချို့တချို့သော မျက်လုံးတွေက အသော့်၏အနားတွင် ကပ်ညိှလျက်....။

"ဟေ့ ငသော် ငါတို့ဒီမှာ"

ကလပ်ထဲသို့ ဝင်ဝင်ချင်း ညာဖက် ထောင့်ကျကျ စားပွဲဝုိင်းမှ လှမ်းခေါ်လိုက်သော ထက်မြက်၏ အသံကြောင့် အသော်က ထိုဝုိင်းသို့ ဦးတည်ကာ သွားလိုက်လေသည်။

"မင်းကလည်း နောက်ကျလိုက်တာကွာ ၊ ဒီမှာ
ကိုဂျင်မီက အလုပ်ရှိသေးတယ်ကွ"

ထက်မြက်အပြောကြောင့် ကိုဂျင်မီဆိုသည့်လူဘက်သို့ အသော်က အားနာသလိုလှည့်ကြည့်လိုက်ပြီး

"ဆောရီးပါဗျာ နည်းနည်းလေးနောက်ကျသွားတယ်၊ ကျွန်တော့်နာမည်က သော်တာဆန်းပါ တွေ့ရတာ ဝမ်းသာပါတယ် ကိုဂျင်မီ" ဟု
နှုတ်ဆက်တောင်းပန်စကားဆိုလိုက်လေသည်။

အသားဖြူဖြူဖြင့် ရုပ်ရည်အသင့်အတင့်ရှိသော ကိုဂျင်မီဆိုသည်လူက အသော့်အား ပြန်လည်ပြုံးပြကာ

"ဟုတ်ကဲ့ ကျွန်တော်က ဂျင်မီ ပါခင်ဗျာ" ဟု လက်ကို ကမ်းပေးကာ ပြန်လည်နှုတ်ဆက်စကားဆိုလိုက်လေသည်။

တော်ရုံတန်ရုံ လက်ဆွဲနှုတ်ဆက်လေ့မရှိသော အသော်က အားနာပါးနာဖြင့် ကိုဂျင်မီ ကမ်းပေးလိုက်သော လက်ကို မကိုင်ချင်သလို ကိုင်ချင်သလိုလိုဖြင့် ကိုင်ကာ နှုတ်ဆက်လိုက်လေသည်။

MSFOMH💛 {Completed}Where stories live. Discover now