P5

14.9K 1.5K 17
                                    

ဖြူစင်တဲ့🎶🎶 တစ်ဖက်သတ် အချစ် စေတနာ ရေစီးရင်းလေ ချစ်တဲ့မင်းစိတ်ချမ်းသာဖို့ ငါပေးဆပ်ချင်တာ🎶🎶
တကယ်ပါ ကိုယ်ကျိူးစွန့်ချင် ဘာမှ မမျှော်လင့်ဘူးလေ အိပ်မက် မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ🎶🎶
...............................................................................
ကိုယ်အရမ်းနှစ်သက်သော သီချင်းလေးတစ်ပုဒ်ကို နားကြပ်လေးထည့်ကာ နားထောင်နေရင်းမှ ဝမ်းနည်းစိတ်ကြောင့် နီမြန်းလာသော မျက်နှာကို လက်ဖြင့်ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်မိသည်။ ရင်ထဲ နာကျင်လိုက်သည်ဖြစ်ခြင်း။

နှလုံးသားတစ်ခုကို ဖျစ်ညှစ်ဆုပ်ကိုင်ခံထားရသကဲ့သို့ ခံစားနေရပြီး အသက်ရှုတွေပင် မမှန်ချင်တော့။ ထုိကဲ့သို့ အသိစိတ်တွေက နာကျင်နေမှန်း သိပါလျက် ... နောက်မဆုတ်နိုင်သော မသိစိတ်တွေက .... ဟုိး...နှလုံးသားရဲ့ထောင့်တစ်နေရာကို တဖြေးဖြေးတုိးဝင်နေရာယူနေလေပြီ။ တားဆီးခြင်း တစ်စုံတစ်ရာ မရှိသော သူ့ရင်ခုန်သံတွေကိုလည်း အံ့ၾသမိပါရဲ့။

ဆုံစည်းဖုိ့ မဖြစ်နိုင်တဲ့ အရာတစ်ခုကိုမှ မက်မက်မောမော တောင်းတနေမိတဲ့ သူ့စိတ်ဆန္ဒတွေကိုလည်း နာကျည်းမိပါရဲ့။ ပိုင်ဆိုင်ခွင့်ရဖို့ နေနေသာ အေဝးက လှမ်းကြည့်ဖို့ အခွင့်အေရးကိုတောင် မျက်ရည်တွေနဲ့ရင်းပြီး စောင့်စားနေရတဲ့အဖြစ်။

ဖြစ်နိုင်ရင် ဒီအကြောင်းတွေကို မတွေးချင်တော့သလို .. သူ့ရင်ဘတ်ထဲက ခံစားချက်တွေကိုလည်း ဆွဲထုတ်ချင်နေမိပြီ။ အရမ်းစိတ်ပင်ပန်းရတယ် မဟုတ်လား။

္"ဟာ..မင်းက ဒီမှာပါလား ယံလေးရ...ငါက မင်းပျောက်လို့ လိုက်ရှာနေတာ ...ကန်တင်းဘက်လည်း ရောက်ခဲ့သေးတယ်"

အသံကြားရပြီးသည်နှင့် သူ့နံဘေးနား ဝင်ထိုင်လိုက်သော ရောင်နီကြောင့် အစွန်ဖက်သုိ့ တိုးလိုက်ကာ ထိုင်ခုံကို အနည်းငယ် နေရာပေးလိုက်မိသည်။ နေ့လည်မုန့်စားဆင်းချိန်မို့ ကန်တင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ သစ်ပင်အောက်က ခုံတန်းလျားလေးမှာ တစ်ယောက်ထဲ သီချင်းနားထောင်နေမိတာ။

"အင်း..ဗိုက်မဆာတာနဲ့ ဒီမှာ ခဏလာထိုင်နေတာ
မင်းရော နေ့လည်စာ စားပြီးပြီလား "

MSFOMH💛 {Completed}Where stories live. Discover now