P39

11.5K 1.2K 94
                                    

"ဆရာ ညနေကျ ချိန်းထားတာလေး တစ်ခုရှိသေးတယ်နော် ၊ ညနေ လေးနာရီ"

ရဲနောင်ပြောသော စကားကို ခေါင်းညိတ်ပြရုံသာ ပြလိုက်ပြီး သူ၏မျက်လုံးများက တစ်စုံတစ်ရာကို ရှာဖွေမိသည်။

"ဒေါ်ကလျာရော မတွေ့ပါလား ဘယ်သွားလဲ"

အမြဲလိုလို မြင်နေတွေ့နေကြ အရိပ်တစ်ခုအနားတွင် မရှိတော့ အနေရခက်စွာ မေးမိသည်။

"မမလေးက ဦးဝေနဲ့ အတူ ကားဂိတ်ကို သွားတယ်"

"ဘာကိစ္စလဲ"

သူ့အမေးကို ရဲနောင်က မရေရာ မသေချာသော ပုံစံဖြင့် ခေါင်းကို ကုတ်လိုက်ကာ

"ကျွန်တော်လဲ သေချာတော့ မသိဘူးဗျ၊ လူတစ်ယောက်နဲ့ တွေ့စရာ ရှိလို့ဆိုလား" ဟု ပြောလိုက်လေသည်။

"အင်း"

ရဲနောင်၏အဖြေကို အင်းဟုသာ ပြောလိုက်ပြီး အိမ်ထဲသို့ လှမ်းဝင်လာလိုက်လေသည်။
တိတ်ဆိတ်အေးချမ်းလှသော နေရာတစ်ခုတွင်
သစ်ပင်ပန်းမန်များဖြင့်ပြည့်နှက်နေသော ခြံအကျယ်ကြီးတစ်ခု။ ထုိခြံထဲတွင်တော့ အတော်အသင့်ကြီးမားသော အဖြူရောင်နှစ်ထပ်တုိက်တစ်လုံး။ နံေဘးတွင်တော့ ကားဂုိဒေါင်နှင့်တွဲလျက် အဆောင်တစ်ခုရှိလေသည်။ အိမ်တွင်နေထိုင်သည့် လူဦးရေကို ရေတွက်ကြည့်လျှင် လက်ငါးချောင်းတောင်မပြည့်။ သို့သော် နေ့စဥ် ဝင်ထွက်သွားလာနေသော အလုပ်သမား၊ ဧည့်သည်များနှင့် လူပြတ်သည်လို့ပင်မရှိ။ ည၈နာရီနောက်ပိုင်းမှသာ တိတ်ဆိတ်ငြိမ်သက်သွားသော
သော်တာစံအိမ်

အခန်းထဲရောက်သည်နှင့် အပေါ်မှ ထပ်ဝတ်ထားသော ကုတ်အင်္ကျီကို ဆွဲချွတ်လိုက်ကာ လည်စီးကို အနည်းငယ်ဖြေလျှော့ချလိုက်သည်။ ထို့နောက် ရှပ်အင်္ကျီ၏ကြယ်သီးများကို ဆွဲဖြုတ်လိုက်ကာ နံဘေးရှိ ဆုိဖာပေါ်သို့ ဝုန်းခနဲ ပစ်ထိုင်ချလိုက်လေသည်။ မဆိုစလောက် ဂုတ်ထောက်ရုံရှည်နေသော ဆံပင်တွေကို သားရေပင်တစ်ပင်ဖြင့် ဆွဲစုစည်းချည်နှောင်လိုက်ကာ ခါးတွင် ပတ်ထားသော ခါးပတ်ကို ဖြုတ်လိုက်သည်။ ပြီးနောက် ခါးနားတွင် တင်းကြပ်နေသော ဘောင်းဘီကြယ်သီးကို ဖြုတ်လိုက်ကာ ဇစ်ကိုလည်း အောက်သို့ အနည်းငယ် ဆွဲချလိုက်ပြန်သည်။ ထိုအခါမှ ခါးကြားထဲ ထည့်ဝတ်ထားသော ရှပ်အင်္ကျီစက လျော့တိလျော့ရဲဖြစ်သွားသည်မို့ အပြင်သို့ ဆွဲထုတ်လိုက်တော့သည်။

MSFOMH💛 {Completed}Where stories live. Discover now