P64

10.8K 1.1K 36
                                    

အချစ်နဲ့ပတ်သတ်လာရင် လူတိုင်းဟာတစ်ကြိမ်တစ်ခါတော့ ကျရှုံးခဲ့ဖူးတာပဲ။
နာကျင်ခံစားရတဲ့ အချိန်လေးတွေပဲ ကွာတာ......။
...............................................................................

မှန်ထဲမှာ မြင်တွေ့နေရတဲ့ ကိုယ့်ပုံရိပ်ကိုတောင်
တစ်ခါတလေစိတ်တိုင်းမကျခဲ့တဲ့ နေ့တွေရှိဖူးမှာပေါ့။ ဒီလိုပါပဲ....။
ပျော်ရွှင်ခြင်းတစ်စုံတစ်ရာကို လက်ကိုင်ထားရရင်
ကျေနပ်နေတတ်ကြပြီး နာကျင်မှုတစ်စုံတစ်ရာ ရှိလာတဲ့အခါမှာတော့ ကြေကွဲနေတတ်ကြတယ်...။
ပျော်ရွှင်ခဲ့ဖူးတဲ့အရာတွေကိုသာ သတိမေ့ကောင်းမေ့သွားလိမ့်မယ်...နာကျင်မှုကို မက်မက်မောမော စုပ်ယူထားတဲ့ ဦးနှောက်ကတော့ သေသည်အထိ
ထိုကြေကွဲမှုတွေကို မေ့မသွား တတ်ကြဖူး...။
.
.
.
မြင်ကွင်းတစ်ခု။
သိပ်ကို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော မြင်ကွင်းတစ်ခု။ ကိုယ်ချစ်တဲ့သူနဲ့မှ မဟုတ်ရင် ကြည်နူးဖွယ်ကောင်းသည်ဟု ခေါင်းစဥ်တပ်၍မရသော လုပ်ရပ်မျိုး။ မှန်တစ်ချပ်ထဲက ပုံရိပ်ယောင်တွေ မဟုတ်ဘူး။ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မှတ်တမ်းတင်ထားတာ...တစ်ချိန်ချိန်မှာများ
သတိရခဲ့လျှင် ပြန်လည်ကြည့်ရှု့၍ရအောင် သို့မဟုတ် တစ်စုံတစ်ယောက်ကို အသိပေးချင်တဲ့အခါ အလွယ်တကူဖြစ်အောင် ဟူသော
ဆန္ဒမျိုးဖြင့်။

တုန်ရီနေသော လက်နှစ်ဖက်ကိုဆုပ်ကာ
အံ့အားသင့်နေသော နှုတ်ခမ်းတွေကို ပိတ်လျက်...။
ဒါ..ဒါ..ငါလား..ဟူ၍ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးရလောက်သည်အထိ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

ထိုအထဲမှ လူဟာ မိမိကိုယ်တိုင်ဖြစ်နေသော်ငြားလည်း ဆက်မကြည့်ရဲလောက်အောင်ပင်
ဆိုးရွားလှသော အခြေအနေတစ်ခု။ ပြန်၍ စဥ်းစားလို့မရသော မှတ်ဉာဏ်တွေကို အခုအချိန်မှာမှ
အတင်းအကျပ် အလုပ်ပေးလုပ်လိုက်သော်လည်း
နောက်ဆုံးမှတ်မိထားသည့်အရာက အရိုက်ခံ
ရလုိက်သည် ဆိုတာထက်မပုိ။

အခုတော့ ကိုယ်ချစ်တဲ့သူနဲ့ မဟုတ်ပါပဲ တခြားသူတွေနဲ့ ဖြစ်ချင်တိုင်းဖြစ် ပျော်ပါးချင်တိုင်း ပျော်ပါးနေသော သူ့ကိုယ်ကို ရွံရှာမိသည်။
ငါ...လူမှ ဟုတ်ရဲ့လား.....။

MSFOMH💛 {Completed}Where stories live. Discover now