P23

11.5K 1.2K 104
                                    

"အစ်ကို သော်"

"ဟင် မင်း"

ဘယ်အချိန်ကတည်းက ကိုယ့်အနောက်ကို ရောက်နေမှန်းသိ။ ခေါ်သံကြား၍ လက်ထဲမှ ပစ္စည်းကို အလျင်စလိုဖွက်လိုက်ကာ လှည့်ကြည့်မိလိုက်တော့ မသုတ်ရသေးသော မျက်ရည်စတွေက
တပါတည်းပါသွားသည်။ သူ့မျက်ရည်တွေကို တွေ့တော့ အနည်းငယ် အံ့အားသင့်သော မျက်နှာလေးဖြင့် တုန်တုန်ရင်ရင်ပြောလိုက်သည်က

"ဟို ..ဟို.. အစ်ကို ခေါင်းမခြောက်သေးဘဲ အိပ်ပျော်သွားမှာစိုးလို့ Dryer လာပေးတာ "
တဲ့။

အဲ့ဒီလောက်အထိ ကိုယ့်ကို စိတ်ပူသတဲ့လား
ကလေးရယ်။

"အင်း ပေး ပေး"

ပါးပြင်ပေါ်က မျက်ရည်တွေကို အလျင်စလို လက်ဖြင့်ပွတ်ဆွဲသုတ်လိုက်ကာ ထိုကလေးလက်ထဲမှ
Dryer ကို လှမ်းယူလိုက်လေသည်။

"ဟို..လေ အစ်ကို တောင်းဆိုချင်တာလေးတစ်ခုရှိလို့"

လက်ထဲမှ ဒရုိင်ယာကို လှမ်းယူလိုက်သည့်တိုင်အောင် အပြင်ထွက်မသွားသေးဘဲ နေရာမှတင်ရပ်နေသော ထိုကလေးကတောင်းဆိုစရာရှိသည်ဟူသော စကားတချို့ကိုဆိုလာလေသည်။

"အင်း ဘာလဲ ပြော"

သူ့အသံက ထုံးစံအတိုင်း ခပ်ပြတ်ပြတ်။

"အစ်ကို့ ရင်ထဲက ခံစားချက် အစစ်အမှန်ကို ပြောပြပါလား"

"ဘာ!!!!"

မေးလိုက်သည့်မေးခွန်းက အေးစက်စက်ဆိုပေမဲ့
ပူထူသွားသည်က သူ့၏ ရင်အစုံ။ ဒီကလေး ဘယ်လိုမေးခွန်းမျိုး မေးလိုက်တာပါလိမ့်။

"ဟုတ်တယ် အစ်ကို ၊ ကျွန်တော့်ကို အမှန်အတိုင်းပြောပြလို့ရမလား၊ ကျွန်တော်က အစ်ကို့ရင်ဘတ်ထဲမှာ ဘာတွေဖြစ်နေလဲ ဆိုတာ လှမ်းမမြင်ရဘူးလေ၊ နောက်ပြီး ကျွန်တော့်ကို စောစောကလိုမျိုး
ထပ်မနမ်းပါနဲ့တော့"

ဟင်။ မနမ်းပါနဲ့တော့တဲ့လား။
သူ ဘာပြန်ပြောရမှန်း မသိ ဒီအတိုင်း တွေဝေငေးမောနေမိဆဲ။

"ကျွန်တော် အစ်ကို့ကို အရမ်းချစ်တယ်ဆိုတာ အစ်ကို သိပါတယ်၊ ကျွန်တော့်ကို ပြန်မချစ်နိုင်ဘူးဆိုတာလည်း သိပါတယ်၊ အဲ့တာကြောင့် နောက်တစ်ခါ ကျေးဇူးပြုလို့ ကျွန်တော့် ခံစားချက်တွေကို မကစားပါနဲ့တော့ ၊ ကျွန်တော်တောင်းပန်ပါတယ်၊ တကယ်မချစ်ပဲနဲ့ လူတစ်ယောက်ကို မျှော်လင့်ချက်တွေ မပေးသင့်ဘူး အစ်ကို"

MSFOMH💛 {Completed}Tahanan ng mga kuwento. Tumuklas ngayon