P22

11.3K 1.2K 112
                                    

အတိတ်တစ်နေရာဆီသို့..........

"ဟဲ့ အဲ့ကောင်နဲ့ မပေါင်းနဲ့ သူ့အဖေက အခြောက်ကြီးဟ တော်ကြာ သူပါခြောက်နေမှ"

"ဟယ် နင်ကလည်း သူများကို"

နံဘေးမှ ဖြတ်လျှောက်သွားသော ကောင်မလေးနှစ်ယောက်၏စကားသံများ။
ထိုအထဲတွင် သူနှင့်ရင်းရင်းနှီးနှီးပေါင်းနေသော သူငယ်ချင်းမလေးတစ်ယောက်ပါသည်။ ထိုကောင်မလေးက သူ့ကို အားနာသလို တချက်လှည့်ကြည့်သွားသည်ကို သူ မမြင်ဟန်ဆောင်လိုက်ပြီး လျှောက်လက်စ လမ်းကိုသာ ခြေလှမ်းမှန်မှန်လေး ဆက်လျှောက်နေလိုက်သည်။ ၉တန်းကျောင်းသားတစ်ယောက်အနေဖြင့် ထိုစကားတွေကြားရတာ သိပ်ရှက်ဖို့ ကောင်းသည်ဆိုတာ သူသိပေမဲ့ မရှက်မိ။ နေ့စဥ်မြင်နေ တွေ့နေ ကြားနေရသော မိသားစု ရန်ပွဲတွေထဲ၌လည်း ထိုစကားလုံးတွေ အမြဲပါနေတာမို့ ရင်းနှီးနေပြီးသား။

တစ်ခါတလေ ဒီထက်ရင့်သီးသော စကားလုံးအသုံးအနှုန်းတွေကို သုံးကာ ဖေဖေ့ကို ဝုိင်းလှောင်ကြသော မေမေ့၏ဆွေမျိုးများ။ သားတစ်ယောက် အနေဖြင့် မခံနိုင်သော်လည်း ဝင်ပြောခွင့်မရှိ ။
ဒီအတိုင်းရေငုံ နှုတ်ပိတ်နေခြင်းဟာ ေဖဖေတို့အတွက် အကောင်းဆုံးဖြေရှင်းနည်းပဲသား ဟု
တဖွဖွပြောခဲ့သော ဖေဖေစကားကို အမြဲအမှတ်ရနေသည်မို့ ...ဘယ်လိုပဲ ဖြစ်လာနေပါစေ
တိတ်ဆိတ်စွာ တုန့်ပြန်ခဲ့မိသည်။

အငယ်ကောင် ရောင်နီကတော့ ကေလးပီပီ ထိုကဲ့သုိ့ စနောက်ခြင်း လှောင်ပြောင်ခြင်းကို လုံးဝမကြိုက်။ တွေ့သည့်နေရာမှာ တွေ့သည့်လူကို အုတ်ခဲကျိုးကိုင်ကာ လိုက်ထုတတ်သော အကျင့်ရှိသည်မို့ အများစုက မစနောက်ရဲကြ။

မေမေ့၏ဆွေမျိုးများကုိပင် တစ်ခါတစ်လေ
ရေဖြင့် ပက်ထုတ်သည်အထိ စိတ်ကြီးလေသောရောင်နီ။ ၅တန်း ကလေးလေးက ဘာသိအုံးမှာလဲဆိုပြီး ကလေးရှေ့မရှောင် စည်းမဲ့ကမ်းမဲ့ပြောနေကြသော စကားတွေကို ရောင်နီက လက်မခံ။ ကြီးသည် ငယ်သည် မခွဲခြားဘဲ အကုန်လုံးကို သောင်းကျန်းတတ်လေသည်။ ထိုကြောင့်
မေမေ့အမျိုးများက ရောင်နီရှိနေသည့် အချိန်များတွင် ဖေဖေ့အကြောင်းကုိ စကားလုပ်ပြီး မပြောကြ။

MSFOMH💛 {Completed}Where stories live. Discover now