P77

9.5K 1K 15
                                    

Friday
11:45 AM

"မကလျာ ကျွန်တော် စကားခဏလောက်ပြောချင်လို့"

"ဟုတ် ကိုသော်တာ၊ ပြောလေ"

ထမင်းစားပွဲကုိ ဝင်ထိုင်ပြီးသည်နှင့် အလျင်စလို မေးခွန်းထုတ်လိုက်သော အသော့်၏အသံက ပျာယာခတ်စွာ။ ကလျာကတော့ ထမင်းကို စိတ်အေးလက်အေး ထူးကာ အသော့်ကို စကားပြန်ပြောလိုက်လေသည်။

"တစ်နေ့က ကိစ္စအတွက် ကျွန်တော် တောင်းပန်ပါတယ်၊ ဒီနယ်တစ်ဝိုက်မှာ ငယ့်ရဲ့ မျက်စိတွေ နားတွေ အပြည့်ရှိနေတယ်ဆိုတာ ကျွန်တော်မေ့သွားတယ်"

"ရတယ် ကုိသော်တာ၊ ကလျာ့စိတ်ထဲ ဘာမှမရှိပါဘူး၊ ငယ်က ကိုသော်တာ့ကို သဝန်တိုလို့ဖြစ်တဲ့ ကိစ္စပဲ ၊ ကလျာ နားလည်ပါတယ်၊ ကလျာတို့ဘက်ကလည်း လိုအပ်တာလေးရှိသွားလို့ပါ
ငယ်က ဘာလဲဆိုတာ သိရဲ့သားနဲ့ သတိလက်လွတ်ဖြစ်သွားမိတာလည်း တစ်ချက်ပေါ့၊
ကိုသော်တာ့ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်ဆိုရင် ကလျာ့ဘက်ကလည်း တောင်းပန်ပါရစေ"

"ဟာ မဟုတ်တာဗျာ ၊ ကျွန်တော်ကသာ တောင်းပန်ရမှာပါ၊ ကျွန်တော့်ဘက်က စချိန်းမိတာကြောင့်ပါ၊ မကလျာမှာ အပြစ်မရှိပါဘူး"

မျက်နှာသိပ်မကောင်းဘဲ ပြောလိုက်သော ကလျာ့စကားကို အသော့်က ထိတ်ထိတ်ပျာပျာနှင့် ငြင်းလိုက်လေသည်။

"ထားလိုက်ပါတော့လေ ၊ ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီ၊ ငယ်နဲ့ ကိုသော်တာလည်း အဆင်ပြေသွားကြပြီ မဟုတ်လား၊ ကလျာလည်း ငယ်နဲ့ အဆင်ပြေသွားပါပြီ၊ အဲ့တာတွေ မေ့ပြီး ထမင်းစားကြရအောင်လေ"

ကလျာကမ်းပေးလိုက်သော ထမင်းပန်းကန်ကုိ လှမ်းယူလိုက်ရင်း ကလျာ့မျက်နှာကုိ အကဲခတ်သလို ကြည့်နေသော အသော့်မျက်ဝန်းတွေက မကောင်း။

ပြသာနာ ဖြစ်ပြီးတဲ့ နေ့ကတည်းက မကလျာ မျက်နှာမကောင်းတာကို သတိထားမိသည်။ ဒီကြားထဲ ကတောက်ကဆတွေ ဖြစ်ထားတာရှိတော့ သွားလည်း မမေးရဲသလို စကားလည်း မစရဲ။ ငယ်ကလည်း အခန့်မသင့်ရင် မသင့်သလို
ပိဿလေး ဘေးပစ် ပြောတတ်တော့ တစ်ခုခုပြောခါနီးဆို အချိန်ယူနေရသေးသည်။ ယခုတောင်
ငယ်မရှိတုန်းမို့ ထမင်းစားခန်းထဲအရဲစွန့်ပြီး မေးမြန်းနေရတာ၊ ကျန်ရှိနေသော လူများကိုလည်း စိတ်မချ။ မဟုတ်တာလုပ်တာ မဟုတ်ပေမဲ့ အထင်လွဲမခံချင်တော့။

MSFOMH💛 {Completed}Where stories live. Discover now