P27

11.9K 1.1K 71
                                    

လှစ်ခနဲ ဖြတ်ပြေးသွားသော အရိပ်တစ်ခုကို မျက်လုံးထောင့်စွန်းနားတွင် မြင်လိုက်ရပေမဲ့ ခေါင်းကို လှည့်၍ မကြည့်နိုင်ခဲ့။ အရှိန်တက်နေပြီဖြစ်သော ခံစားချက်တို့ အရှေ့ဆက်နုိင်ဖို့ ကြိုးစားရုန်းကန်ရချိန်တွင် ဘာဆိုဘာမှ မမြင်နိုင်ခဲ့။
ဘားတွင်ဖြစ်ခဲ့သော ပြသာနာတချို့က ခေါင်းထဲ ဝေဝါးစွာပေါ်လိုက်ပျောက်လိုက်ဖြစ်နေပေမဲ့
တစ်ခုခုမှားယွင်းနေပြီဆိုတာကိုတော့ သူခံစားမိသည်။ ပူထူသွားသော ဇတ်ပိုး၏ နောက်တွင် ဘာဆို ဘာမှမသိတော့။ မျက်လုံးနှစ်လုံး ပွင့်လာသည့်အချိန်ကျတော့ ဒီအခန်းထဲသို့ ရောက်နေနှင့်ပြီ။ ခပ်လှမ်းလှမ်းရှိ ကုလားထိုင်တစ်လုံးတွင် ခြေချိတ်ကာထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူကား အခြားမဟုတ် ။ဂျင်မီ။

ဘာရည်ရွယ်ချက်ဖြင့် သူ့အပေါ်ထိုကဲ့သုိ့လုပ်သည်ကို သူသေချာမသိရသေး။ သူနှင့်ဂျင်မီကြား ဆေးအရောင်းအဝယ် ကိစ္စကလွဲရင် ဘာဆိုဘာမှ မပတ်သတ်ထား။ ၅နှစ်နီးပါးပေါင်းလာတဲ့ ထက်မြက်ကလည်း အခုအချိန်ကျမှ ဘာတွေစိတ်ကူးပေါက်ပြီး
အခုလို ထူးဆန်းတာတွေလုပ်နေမှန်းမသိတော့ချေ။သူ ဘယ်လိုစဥ်းစား၍မရတော့ေသာ အကြောင်းအရာတစ်ခုကို ဂျင်မီက သူကိုယ်တိုင်ရှင်းပြခဲ့လေသည်။

ထက်မြက်က သူ့ယောကျာ်းပါတဲ့။ ထိုအခါကျမှ မျက်လုံးများပြူးကျယ်သွားမိသည်က သူ။
၅နှစ်နီးပါး ဆေးသုံးဖော်သုံးဖက်သူငယ်ချင်းအနေနဲ့ ခင်မင်လာသော တစ်လျှောက်မှာ ထက်မြက်ကို
ဘယ်လိုလူစားမျိုးမှန်းသူမသိခဲ့။ အသစ်အဆန်းရှိပြီဆို လာလာပြတတ်ပြီး အတူတူမြည်းစမ်းကြည့်ခဲ့ကြဖူးသည်မှ လွဲ၍ ထက်မြက်နှင့်သူ စကားအချေအတင်တောင်မများဖူးခဲ့ပါ။

မကြာသေးခင်ကမှ သိကျွမ်းခဲ့တဲ့ ဂျင်မီဆိုတဲ့လူဟာ ထက်မြက်နဲ့ ထိုကဲ့သို့ပတ်သတ်နေမှန်း သူလုံးဝမရိပ်မိခဲ့။ ထက်မြက် ပြောသလို ဆေးအရောင်းအဝယ်လုပ်တဲ့သူတစ်ယောက်လို့ပဲ ထင်ထားမိခဲ့တာ။ အခုကျမှ ဘယ်လိုတွေဖြစ်လို့ ဆက်ဆံရေးတွေက အရမ်းနယ်ကျူးနေကြတာလဲ။

သူ့ခေါင်းထဲ အတွေးများစွာဖြင့် မူးဝေနေခဲ့ပြီး
အားအင်ချိနဲ့နေသလိုခံစားနေရသည်။ တချက်တလျက် မိုက်ခနဲဖြစ်သွားပြီး လောကကြီးတစ်ခုလုံးက ကဗြောင်းကပြန်ဖြစ်နေသလိုပင်။ အိမ်ပြန်ရမည်ဟူသော အသိကြောင့် ကုတင်ပေါ်က ကုန်းရုန်းထပေမဲ့ အချည်းအနှီး။ အိမ်မှာတစ်ယောက်ထဲဖြစ်နေမဲ့ ထိုကလေး၏မျက်နှာကို ပြေးမြင်မိတော့
စိတ်တွေက ထိန်းချုပ်၍မရတော့ပဲ ကုတင်ပေါ်မှ ပြေးဆင်းကာ ဂျင်မီ့ကို ပြေးထိုးရန် ကြိုးစားလိုက်မိသည်။ သို့သော် ထင်သလိုဖြစ်မလာဘဲ လူတစ်ကိုယ်လုံး ကြမ်းပြင်ပေါ်ပုံခနဲ လဲကျလေတော့ သည်။
"ဘာြဖစ်လို့ အဲ့ဒီလောက် စိတ်ကြီးနေရတာလဲ
မလောပါနဲ့ မကြာခင် အားလုံးအဆင်ပြေသွားမှာပါ" ဟု ဆိုကာ ကြမ်းပြင်ပေါ်လဲကျနေသော သူ့ကို
ချိုင်းကနေ မချီကာ ကုတင်ပေါ်သို့ ပြန်တင်ပေးလိုက်လေသည်။ ထို့နောက် စားပွဲပေါ်ရှိ သေတ္တာသေးသေးလေးထဲမှ ဆေးထိုးအပ်တစ်ချောင်းကို ယူလိုက်ကာ သူ့လက်မောင်းထိုးစိုက်ချလိုက်လေတော့သည်။
နဂိုမူးဝေလက်စ အရှိန်ပင် မပြေသး နောက်ထပ်တစ်ကြိမ် GHB တချို့ကိုယ်ခန္ဓာထဲသို့ စီးဝင်သွားပြီမို့ လူက ဟန်ပင်မဆောင်နိုင်လောက်သည်အထိ
ပြိုလဲခွေခေါက်သွားလေတော့သည်။
"မကြာခင် မင်းအရမ်းစိတ်ပူနေတဲ့ ကလေးလေး ရောက်လာမှာကွာ" ဆိုသော စကားတစ်ခွန်းနားအနားကပ်ပြောလိုက်သည်ကို သိလိုက်ရသည်။

MSFOMH💛 {Completed}Where stories live. Discover now