P65

11.1K 1.1K 35
                                    

"ထူးမြတ် မနေ့က ဘာဖြစ်ကြတာလဲ၊
ညဘက်ကြီး မင်းကို ဆရာခေါ်တယ်ဆို၊
အဆူခံရတာလား"

တိုးကြီး၏အမေးကို ထူးမြတ်က မဖြေ။ မျက်စိပျက်မျက်နှာပျက်ဖြင့် ကားပြတင်းပေါက်ဘက်ကို ငေးကြည့်နေလေ၏။

"မင်းက အသစ်မို့လို့ သိပ်မသိသေးတာပါ၊ ငါတို့ဆရာက သဘောကောင်းပါတယ်၊ စိတ်တိုတုန်းခဏပဲ နောက်ပြီးသွားရင် အေးဆေးပြန်ဖြစ်သွားတာ၊ စိတ်ထဲမထားနဲ့ ဟေ့ကောင်၊ ငါ့တုန်းက ရောက်ရောက်ချင်း တစ်ပတ်တောင်မပြည့်ဘူး၊
ခေါင်းကို ရုိက်ခွဲတာ ဟေ့ကောင်ရေ၊ လေးရက်လောက် နှာနှပ်ယူလိုက်ရတယ်၊ ဘာရေစက်လည်း မသိပါဘူးကွာ ဘယ်လောက် လုပ်လုပ် ဆရာအနားမှာပဲ နေချင်တာ ဟ ဟ"

တိုးကြီးက ရယ်ရယ်မောမောဖြင့် ထူးမြတ်စိတ်သက်သာရာ ရစေရန် ပြောလိုက်ခြင်းသာ။
တကယ်တမ်း ထိုအချိန်တုန်းက ဘာတွေဖြစ်ခဲ့ကြသည်ဆိုတာကုိ ကာယကံရှင် သုံးယောက်မှ လွဲ၍မည်သူမှ မသိကြ။

"အခုက ကျွန်တော်တို့ ဘယ်ကို သွားနေတာလဲ"

တိုးကြီး၏ပြောစကားများကို စိတ်ဝင်စားဟန် မပြပဲ ရုတ်တရက် ထမေးလိုက်သော ထူးမြတ်၏မေးခွန်းကြောင့် တိုးကြီးက မျက်မှောင်ကျုံ့သွားလေသည်။ ထို့နောက် အကဲခတ်သလို မျက်နှာပေးနှင့် ထူးမြတ်ကို စောင်းကြည့်လိုက်ကာ

"မင်းလည်း ဒီရောက်တာ ဘာလိုလိုနဲ့ တစ်လတောင် ပြည့်ခါနီးနေပြီနော်၊ ဘယ်လိုလဲ ဒီကြားထဲ
အတော်လေးမှ ပညာစုံရရဲ့လား"

ဟု ပြန်မေးလိုက်လေသည်။ ကားပေါ်တွင်ရှိနေသော လူနှစ်ယောက်၏ အပြန်အလှန်စကားပြောနေပုံက အမေးတခြား အဖြေတခြား။ သိပ်ကို စိတ်ဝင်စားစရာကောင်းသော စကားဝုိင်းနှယ်။

" အေး ဒီမှာ ရေရှည်နေမယ်ဆိုရင်တော့ နည်းနည်းလေးတော့ ပင်ပန်းလိမ့်မယ်၊ ဒါမှ မဟုတ် ခဏတစ်ဖြုတ်လာတဲ့ ဧည့်သည်ဆိုရင်တော့ အစောကြီးကတည်းက ပြန်ရင် ကောင်းမယ်ကွာ"

အသိပေးသလိုလို ညည်းသလိုလိုပြောလိုက်သော တိုးကြီးစကားကြောင့် ထူးမြတ်မျက်လုံးထဲ မသိမသာ စိုးရိမ်စိတ်များ ဖြတ်သန်းသွားလေသည်။ ထို့နောက် အတတ်နိုင်ဆုံး မျက်နှာကို ပြင်လိုက်ကာ

MSFOMH💛 {Completed}Where stories live. Discover now