P13

12.1K 1.3K 126
                                    

"တောက်!"

ဦးတိမ်စိုးတစ်ယောက် အောက်ကို ပြန်လည်ဆင်းသွားသည့်နောက်တွင် ပြင်းထန်စွာ ခေါက်လိုက်သော တောက်ခေါက်သံကြောင့် အခန်းတွင်းရှိ လူအားလုံးက ထိုအသံထွက်ေပါ်လာရာ နေရာသို့ အကြည့်များရောက်ကြလေသည်။

"ညီ ရောင်နီ စိတ်ထိန်း"

နံဘေးမှ ရှိုင်းထက်က ရောင်နီ့လက်မောင်းကို ထိန်းသလို ချုပ်ကိုင်ထားကာ နှုတ်မှလည်း သတိပေးလိုက်လေသည်။

သို့သော် အသော်နှင့်တိမ်ယံတို့နှစ်ယောက်၏ အကြည့်များက ရောင်နီ့ထံသုိ့ ရောက်နှင့်ကြပြီးဖြစ်ရာ တဆက်တည်းမှာပင် ပြောင်းလဲသွားသော
တိမ်ယံမျက်လုံးလေးတွေ သိပ်ကို အံ့ဩနေသည်နှယ်။

"ရောင်...ရောင်နီ မင်းက ဒီကို ဘယ်လိုဖြစ်လို့ရောက်"

"အေး ငါက ဒီကို ဘယ်လိုဖြစ်လို့ရောက်နေလဲဆိုတာ မင်းတကယ်ပဲ မသိဘူးလား
ဒါမှမဟုတ် သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာလား တကယ်ပဲ မသိတာလား ယံလေး
မင်းကွာ "

ရောင်နီက ပြောနေရင်းတန်းလန်းမှ ထွက်လာသော ဒေါသတို့ကို ဖြေလျှော့သည့်အနေဖြင့် ရှိုင်းထက်ချုပ်ထားသည့်အထဲမှ ရအောင် ရုန်းထွက်ပြီး အနီးရှိ အုတ်နံရံကို တချက်ပစ်ထိုးလိုက်လေသည်။
တစက်စက်ကျလာသော သေွးတစ်ချို့ကြောင့် တိမ်ယံက မျက်လုံးများပြူးသွားကာ သူငယ်ချင်းဖြစ်သူ ရောင်နီ့ထံသို့ အပြေးလာလိုက်လေသည်။

"ဟာ ရောင်နီ အဲ့လိုမလုပ်ပါနဲ့ လက်မှာသွေးတွေထွက်ကုန်ပြီ "

္"ငါ့ဘာသာ သွေးထွက်ထွက် မင်းအပူမပါဘူး
ဖယ်စမ်း ငါ့အသားကို မထိနဲ့ ရွံတယ်"

စိုးရိမ်တကြီး ပြေးလာကာ လက်ကို ပြေးကုိင်လိုက်သော တိမ်ယံကို ရောင်နီက ဆောင့်တွန်းလိုက်ကာ
နှုတ်မှလည်း ဒေါသတစ်ကြီး အော်ဟစ်နေလေသည်။ သို့သော် တိမ်ယံက ရောင်နီ့အနားသို့ ရသလောက်ကပ်ကာ နှုတ်မှလည်း တတွတ်တွတ်
တောင်းပန်နေလေတော့သည်။

"ငါတောင်းပန်ပါတယ် ရောင်နီရာ မင်းငါတို့လို
လူစားမျိုးတွေကို မုန်းတာလည်း ငါသိပါတယ်
နောက်ပြီး ငါ့လိုလူတစ်ယောက် အတွက်နဲ့ မင်းအသားကို အနာမခံစမ်းပါနဲ့ ရောင်နီရယ်"

MSFOMH💛 {Completed}Where stories live. Discover now