P81

9.7K 1K 16
                                    

Friday 9:00 PM

"တီ တီ တီ"

မတိုးမကျယ် ကားဟွန်းသံက ညဘက်အချိန်အခါမို့ ပီပီသသကြားလိုက်ရသည်။ ထို့ကြောင့်အသော်တစ်ယောက် ဝရံတာဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။

စောင့်နေရတာလည်း လည်ပင်းပင် ရှည်လုမတတ်မို့ ...။

ဝရံတာမှ ခြံဝသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး
ငယ့်ကားမှန်း သိသည်နှင့် အောက်ထပ်သို့ ကမျောကသော ပြေးဆင်းသွားလိုက်တော့သည်။

"နောက်ကျလိုက်တာ ငယ်ရာ"

ငယ့်ကို မြင်သည်နှင့် ဟန်ပင်မဆောင်နိုင်ပဲ အပြေးသွားဖက်လိုက်မိတော့သည်။

ငယ်ကလည်း အသော့်ကို အလုိက်သင့်ဖက်လိုက်ကာ သဘောကျသလို ရယ်တော့ မကလျာက
မျက်စောင်းထုိးလေသည်။

"အမလေး အရင်က အချိန်မတော် ပြန်လာရင်
ကြိုရတဲ့သူက ကျွန်မပါနော်၊ လည်ပင်းရှည်အောင်မျှော်ရတဲ့သူက ကျွန်မပါနော်၊ အခုကျတော့ ငဲ့စောင်းလို့တောင် မကြည့်ဘူး"

ကလျာက မဲ့ကာ ရွဲ့ကာဖြင့်ပြောတော့ ငယ်က အသံထွက်သည်အထိ အော်ရယ်လေသည်။

"ကြည့်စမ်း ၊ အခုမှ မနာလိုဖြစ်နေလိုက်တာများ၊
ဒေါ်ကလျာပဲ ဒီလိုပဲ ဖြစ်စေချင်တာ မဟုတ်ဘူးလား"

စစနောက်နောက် ပြန်၍ ပြောလိုက်သော ငယ့်စကားကြောင့် ကလျာက မျက်နှာကို မဲ့ထားရာမှ ပြုံးရယ်လေတော့သည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ..ဒီလောက်နဲ့ပဲ မနာလိုတဲ့ စကားတွေကုိ ရပ်လိုက်ပါတော့မယ်၊ နို့မို့ဆို မြှားဦးက ကိုယ်ဘက် ပြန်လှည့်လာမှ ဖြင့်..."

ကလျာက ပြောပြောဆိုဆိုဖြင့် အပြင်ဘက်ကိုလည်း မျက်စိကစားလိုက်သေးသည်။ ထို့နောက် တစ်ခုခုကို မေးဟန်ပြုနေစဥ် ရုတ်တရက် အိမ်ထဲကုိ ဝင်လာသော ထူးမြတ်ကြောင့် မေးခွန်းထုတ်မည် ပြုနေသည်ကုိ ရပ်တန့်လိုက်တော့သည်။

ထူးမြတ်၏လက်ထဲတွင် ပစ္စည်းတပုံတပင်နှင့်မို့ ကလျာက ချက်ချင်းသွားပြေးကူလိုက်သလုိ ဒေါ်ပျာကလည်း ကလျာ့လက်ထဲမှ လက်လွှဲယူဖို့ နံဘေးတွင် အဆင်သင့်ရှိနေလေသည်။

MSFOMH💛 {Completed}Where stories live. Discover now