P28

11.2K 1.1K 45
                                    

"အိမ်ရှင်တို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ကပါ စစ်ဆေးမေးမြန်းစရာလေးရှိလို့ပါ"

ဟူသော အသံနှင့်အတူ ခြံထဲသို့ ဝင်လာပြီးြဖစ်သော ရဲများ။
ရုတ်တရက်မို့ တိမ်ယံတို့ သားအမိ နှစ်ယောက်က တစ်ယောက်မျက်နှာကုိ တစ်ယောက် ကြောင်ကာ ကြည့်လျက်။

"ဟုတ်ကဲ့ ကျွန်တော်တို့ကို အိမ်ပေါ် တက်ခွင့်ပြုပါ"

"အော် ဟုတ်ကဲ့ ၊ ဘာကိစ္စများရှိလို့လဲနော်"
ဒေါ်ခင်မာဦး၏ မေးခွန်းကို တစ်ယောက်မှ မဖြေ။ ရဲများထဲမှ အကြီးအကဲဖြစ်ဟန်တူသည့် တစ်ယောက်က တိမ်ယံ့ကို သေချာစွာ စိုက်ကြည့်ကာ

"ဒီက ညီလေးက တိမ်ယံဦးလား" ဟု မေးလိုက်လေသည်။

"ဟုတ်ကဲ့ ကျွန်တော်က တိမ်ယံဦးပါ"

"သူ့ကုိ လက်ထိတ်ခတ်လိုက်"

"ခင်ဗျာ /ရှင်"

ထိုအရာရှိက သူ့လက်အောက်ငယ်သားတွေကုိ
တိမ်ယံ့အား လက်ထိတ်ခတ်ရန် ပြောလိုက်သောအခါ တိမ်ယံတို့ သားအမိနှစ်ယောက်စလုံး အာမေဋိတ်သံများပြိုင်တူထွက်လာကြတော့သည်။ ထိုစဥ် ရဲသားနှစ်ယောက်က တိမ်ယံကုိ တစ်ဖက်တစ်ချက်စီမှ ဝန်းရံလိုက်ကာ တခြားတစ်ယောက်မှ လက်ကို လက်ထိတ်ခတ်လိုက်လေသည်။

"ကုိတိမ်ယံဦးကုိ မူးယစ်ဆေးဝါး သုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ ကျွန်တော်တို့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ "

"ဗျာ"

"အမလေး ကျွန်မသားေလးက အဲ့လိုလူမျိုးမဟုတ်ပါဘူးရှင်၊ လူမှားတာ နေမှာပါ ၊ သေချာ စစ်ဆေးစုံစမ်းကြပါအုံးရှင် ၊ ကျွန်မတောင်းပန်ပါတယ်"

ဒေါ်ခင်မာဦးက သားအဖြစ်ကို လက်မခံနုိင်သည့် ပုံစံဖြင့် ပျာပျာသလဲ ရှင်းပြကာ ရဲတွေကို တောင်းပန်တော့သည်။ တိမ်ယံ့ ခမျာလည်း မျက်စိပျက် မျက်နှာပျက်ဖြင့် ဘာလုပ်လို့ ဘာကုိင်ရမှန်းမသိ။ လက်ထိတ်လေးနှစ်ဖက် ခတ်လျက်သားဖြင့် မိခင်ဖြစ်သူကို အားကိုးတစ်ကြီး ကြည့်နေလေ၏။

"ဟေ့ ဘာတွေဖြစ်နေကြတာလဲ"

မေးခွန်းနဲ့အတူ အိမ်ထဲဝင်လာသူက ဦးတိမ်စုိး။
လက်ထိပ်တန်းလန်းနှင့်သားကို မြင်တော့ မျက်နှာက ကွက်ခနဲ ပျက်သွား၏။

MSFOMH💛 {Completed}Where stories live. Discover now