P14

11.7K 1.2K 70
                                    

ကျွန်မကိုယ်တိုင် နှစ်ရှည်လများ အပင်ပန်းခံပြီး
တည်ဆောက်ခဲ့ရတဲ့ Friend Zone သာသာ Relationship တစ်ခုကို နှစ်ရက်ထဲနဲ့ အပြီးတိုင်
ဖျက်စီးပစ်လိုက်ကြလေြခင်း။

အချိန်တန်ရင် ကိုယ့်ရင်ခွင်ထဲ ဝင်လာမှာပဲလို့ တထစ်ချ ခိုင်မာစွာ ယုံကြည်ထားတဲ့ မျှော်လင့်ချက်တွေကလည်း တစစီ ကျိုးပဲ့သွားခဲ့ပြီ။

ကွျန်မရဲ့ ခံစားချက်ကို ထိပါးလာပြီဆိုရင်
ဘယ်သူ့မျက်နှာကိုမှ မထောက်တတ်တဲ့
ကွျန်မအကျင့်ကို သိပါလျက် အခုလိုမျိုး လုပ်ရဲတဲ့
သတ္တိလေးတွေကိုတော့ ချီးကျူးပါတယ်။

စောင့်ကြည့်နေလုိက်ပါ ကွျန်မခံစားရသလိုမျိုး
သူတုိ့လဲ ဘယ်လိုပြန်ခံစားရမလဲဆိုတာ။
ကွျန်မက စိန်ခေါ်ရင် ဘွာမခတ်တတ်ဘူးရှင့်။

တိမ်လွှာဦး
............................................................................

"ေဖဖေ"

"ပြောလေ သမီးကြီး"

မနက်၇နာရီ အချိန်သာ ရှိသေးသည်မို့ ြခံထဲဆင်းကာ လမ်းလျှောက်နေသော ဦးတိမ်စိုးတစ်ယောက်
သမီးဖြစ်သူ တိမ်လွှာ၏ခေါ်သံကြောင့် ပြန်လည်ထူးလိုက်မိသည်။

မနေ့ညကတော့ တစ်ညလုံး အော်ဟစ်သောင်းကျန်းနေပြီး ဒီမနက်ကျတော့ အဖေြဖစ်သူထံ အစောကြီးရောက်လာပုံထောက် တစ်ခုခုပြောစရာရှိမည်ဟု ဦးတိမ်စိုးတွေးလိုက်မိသည်။
သားယံလေး ကိစ္စနဲ့ပတ်သတ်ပြီး စဥ်းစားရကြပ် နေသည့် အချိန်မို့ ဘာကိုမှ ထပ်ပြီး ပြသာနာ ထပ်မတက်ချင်တော့ပေ။

တစ်အိမ်လုံးမှာ ဒေါသအကြီးဆုံးနှင့် ပြောရဆိုရလက်ပေါက်အကပ်ဆုံးက သမီးကြီးမို့ တော်ရုံတန်ရုံကိစ္စမျိုးဆိုရင် ရှောင်လိုက်ကြတာများသည်။ သမီးကြီးက သူမကျေနပ်တော့ဘူးဆိုရင် မိုးဆုံးမြေဆုံးအထိ ပြသနာက လိုက်ရှာတတ်သေးသည်မို့ အတတ်နိုင်ဆုံး ကင်းအောင်နေဖြစ်တာများသည်။

မိဘက မနိုင်လို့ လွှတ်ထားတာမျိုး မဟုတ်ပေမဲ့
တချို့အရာလေးတွေက အချိန်ပေး လူပင်ပန်းခံပြီး ဖြေရှင်းစရာ အကြောင်းမရှိသည့်အတွက်
သမီးကြီးကို အနိုင်ပေးလိုက်ကြတာများသည်။
သားယံလေး ကိုယ်တိုင်က အစ သူ့အစ်မနှင့်ပတ်သတ်လျှင် အမြဲအလျှော့ပေးနေကြမို့ အခုဆို အနိုင်ယူလိုစိတ်တွေ ပြင်းပြနေတာလည်းဖြစ်သည်။

MSFOMH💛 {Completed}Where stories live. Discover now