P46

11.3K 1.2K 36
                                    

"ဦးထူး ေရာ့ စျေးဖိုး"

တစ်ထောင်တန် အနွမ်း အရွက်နှစ်ဆယ်ခန့်ကို
ကမ်းပေးလိုက်သော ငယ့်ကို ဦးထူးက မီးမွှေးနေရင်းမှ မော့ကြည့်လိုက်လေသည်။ ထိုမျက်ဝန်းတွေထဲတွင် ဝမ်းသာသည်လား ဝမ်းနည်းသည်လား ဝေခွဲမရသော အရိပ်အယောင်တွေ။

"ယူပါဗျာ ကျွန်တော် လက်ညောင်းလာပြီ"

ငယ်က စိတ်မရှည်သလိုမျိုးပြောလိုက်တော့ ဦးထူးက တုန်ရီနေသော လက်အစုံဖြင့် ငွေနှစ်သောင်းကို လှမ်းယူလိုက်လေသည်။

"ဦးထူး မင်းကို ခေါ်လာပြီး ဒုက္ခပေးသလိုများဖြစ်သွားပြီးလားမသိဘူး တူလေးရာ "

"အာ ... အဲ့လိုစကားတွေ မပြောနဲ့ ဦးထူးသာ နေကောင်းအောင်နေ ၊ နောက်ပြီး အရမ်းလည်း ထမင်းဟင်းတွေ မချက်နဲ့၊ ကျွန်တော်နဲ့ သားထူးလေးက ကြက်ဥကြော်လဲ ဖြစ်တယ် "

ပေါ့ပေါ့ပါးပါးပြောလိုက်သော ငယ့်လေသံကြောင့် ဦးထူးမျက်နှာ အနည်းငယ် ဝင်းပသွားပြီး မီးခိုးငွေ့ဟပ်၍ လား ဒါမှမဟုတ် ဝမ်းနည်း၍လားမသိ မျက်လုံးအိမ်မှ စိုစွတ်နေေသာ မျက်ရည်စတို့ကို
ပုဆိုးဖြင့် ကြိတ်ကာ သုတ်လေသည်။
သားထူးလေးကတော့ အဖေဖြစ်သူကို နားမလည်စွာ ကြည့်နေရင်း မီးဖိုဘေးမှ ကြက်ဥထုတ်ကို မြင်တော့ နှာခေါင်းရှုံ့လေသည်။ ကလေးဆိုတော့ အကောင်း စားချင်ရှာမှာပေါ့။

"ဒါနဲ့ ဆေးထိုးတာလဲ ကြည့်ထိုးအုံးနော် ဦးထူး ၊
ဟိုတစ်နေ့က တစ်ယောက် အပ်တန်းလန်းနဲ့ သေသွားပြီးပြီ၊ မသုံးရမနေနိုင်တာတော့ ဟုတ်တယ်၊ ဒါပေမဲ့ချိန်ဆပြီး ထိုး၊ နည်းနည်းလောက် အာသာပြေရင် ရပ်လိုက်လေနော်၊
အသက်ထက် ဘယ်အရာကမှ မရေးမကြီးဘူး"

စိတ်ပူစွာပြောလိုက်သော ငယ့်စကားကို ဦးထူးက ခေါင်းညိတ်ပြလေသည်။ ထောင်ကထွက်ပြီး နှစ်နှစ်အကြာမှ ငှက်ဖျားရောဂါနှင့် ဇနီးသည် ဆုံးသွားတော့ စိတ်ထိခိုက်သည့်ဒဏ်ကို မခံနိုင်တဲ့
ဦးထူးဟာ မူးယစ်ဆေးကို ပြန်လည် အသံုးပြုခဲ့လေသည်။ ကျန်းမာရေး တရှောင်ရှောင်နှင့်မို့ အမြဲ
ပိန်လှီနေေသာ ဦးထူးဟာ ထောင်ထဲမှာလောက် မတက်ကြွတော့ပေ။ ထောင်ကလွတ်ရင် ဘာလုပ်မည် ညာလုပ်မည်ဟု ကြေွးကြော်ထားသမျှသည်လည်း သဲထဲရေသွန်။ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့သလို တစ်ဦးတည်းသော သားလေးအပေါ်တွင်လည်း ဂရုမစိုက်နိုင်တော့။

MSFOMH💛 {Completed}Where stories live. Discover now