P31

12K 1.2K 92
                                    

ညသည်ကား မှောင်၏။ နေ့သည်ကား လင်း၏။
ထိုကဲ့သို့ အလင်းတစ်လှည့် အမှောင်တစ်လှည့် ဖြစ်တည်နေသော သဘာဝတရားကြီးက ပုံမှန်တာဝန်ထမ်းဆောင်နေပေမဲ့လည်း အလင်းရောင်ကို မနှစ်မြို့စွာ အမှောင်ထုထဲခိုလှုံနေသော လူတစ်ယောက်လည်းရှိလေ၏။

မွန်းကျပ်လှောင်ပိတ်နေသော အခန်းတွင်း၏
ထောင့်တစ်နေရာတွင် ကုပ်ချောင်းချောင်းနှင့်ထိုင်နေသော လူတစ်ယောက် ။ မျက်တွင်းများ ချောင်ကျနေကာ တစ်ကုိယ်လုံးလည်း
တဆတ်ဆတ်တုန်ရီနေလေသည်။ မျက်လုံးတွေကလည်း ဂဏာမငြိမ်။ အလွန်နာကျင်ကုိက်ခဲသော ဝေဒနာကို ခံစားနေရသည့်အလား လက်မောင်းကြွက်သားတွေ၊ ခြေသလုံးကြွက်သားတွေကိုမကြာခဏဆုိသလို ထုရုိက်နေလေသည်။ ပူအုိက်သလို ချွေးစေးများထွက်လာပြီး သိပ်မကြာ အချမ်းဓာတ်ပြန်ဝင်လာကာ မေးချင်းရုိက်သည်အထိ တုန်ရီနေပြန်သည်။

လှိုက်ခနဲ တက်လာသော ပျို့အန်ချင်စိတ်ကြောင့် ထိုနေရာမှာ ထိုင်လျက်သားပင် အန်ချနေပြန်သည်။ အစာမရှိသော ဝမ်းဗိုက်အတွင်းမှ ဝါကျင့်ကျင့် အချဥ်ရည် တစ်ချို့သာ ထွက်လာပြီး
အကြိမ်ပေါင်းများစွာ ထိုးအန်ထားရသည်မို့ မောဟုိက်သော ဝေဒနာကို ခံစားနေသည့်ပုံလည်းပေါ်သည်။ တစ်ခါတစ်လေ အရမ်းခံစားရခက်သည့် ပုံစံမျိုးဖြင့် ညည်းညူနေကာ စိတ်လွတ်ထွက်သွားသည့်အချိန်တွင် မိမိလက်တွေကိုပင် ပြန်ကုိက်မိသည်အထိ ဆန္ဒတစ်ချို့ကုိ ထိန်းချုပ်နေရလေသည်။

ဆေးအသုံးပြုလာသည့် သက်တမ်းတစ်လျှောက်တွင် ပထမဦးဆုံးအကြိမ် ပြင်းပြင်းထန်ထန် ယင်းထခြင်းဖြစ်သလို အချိန်အတော်ကြာသည်အထိ တောင့်ခံနေသော ကာလလည်းဖြစ်သည်။
သေလုမျောပါး ဝေဒနာကို ခံစားနေရပေမဲ့ မျှော်လင့်ချက်ဟူသော အရာတစ်ခုကို ဆုပ်ကိုင်ကာ
အားမာန်တင်းပေမဲ့လည်း အစိမ်းသက်သက် ဆေးဖြတ်ခြင်းဆိုသည်မှာ အသက်အန္တရာယ်ကိုပင် ထိခုိက်စေတတ်မှန်း မသိခဲ့။

နှုတ်ခမ်းများကို ပေါက်ထွက်သည့်အထိ ဖိကိုက်ထားကာ ဒူးနှစ်လုံးကြားထဲ ခေါင်းကိုဖွက်ပြီး
တုန်ရီညည်းညူနေသော အသော်။ မငိုပါဘဲ ကျလာသော မျက်ရည်တွေကိုလည်း မသုတ်နိုင်။
ပြင်ဆင်ချိန်ပင် မရလိုက်သော အမှားတွေအတွက်
နောင်တတစ်ချို့ကို ရင်ဝယ်ပုိက်ပြီး လွမ်းဆွတ်ခြင်းဝေဒနာကိုပါ တပြိုင်တည်း ခံစားနေရသည်မို့
လူက ရူးမတတ်။

MSFOMH💛 {Completed}Where stories live. Discover now