P3

18.2K 1.7K 39
                                    

ဝေလရဲ့သီချင်းလေးထဲက အတိုင်း ကြိုဆိုပါ၏ဆိုင်းဘုတ်လေးတော့ မရှိနေေပမဲ့ ေဖာ်ရွေစွာ ကြိုဆိုလျက်ရှိသော တက္ကသိုလ်ရင်ခွင်က နွေးထွေးလုံခြုံနိုင်ကောင်းပါရဲ့။ တက္ကသုိလ်ပရဝဏ်အတွင်းမှာတော့ အပေါ်အဖြူ အောက်နက်ပြာ တူညီဝတ်စုံကို ဝတ်ဆင်ထားပြီး ဟိုတစ်စု ဒီတစ်စု လမ်းလျှောက်နေကြသော ကျောင်းသား ကျောင်းသူတွေ ..နောက်ပြီး တစ်ယောက်ကို တစ်ယောက် စနောက်ကျီစယ်နေကြသော စီနီယာ အစ်ကိုအစ်မတွေ။ ထုိအထဲတွင် သူ့လိုပဲ ဒီနေ့က ကျောင်းစတတ်သော ပထမနှစ် ကျောင်းသား ကျောင်းသူတွေလည်းအများကြီးပါမှာ အသေအချာပင်။ ယခုမှ တက္ကသိုလ်မြေကို ခြေချဖူးသူတစ်ယောက်အနေဖြင့် မြင်သမျှအရာရာဟာ ထူးဆန်းနေသည်မှာ အမှန်။ သစ်ပင် ပန်းပင် အစုံအလင်နှင့် လှပနေသော လျှောက်လမ်းကိုလည်း သူသဘောကျ နှစ်သက်မိပြန်သည်။
စာရေးဆရာတွေ ကဗျာဆရာတွေကလည်း တက္ကသုိလ် နှင့်ပတ်သတ်ပြီး အမျိုးမျိုး ဖွဲ့နွဲ့ရေးသားကြလေတော့ ထိုစာတွေ ကဗျာတွေကို ဖတ်ရှုပြီး အမိတက္ကသိုလ်၏ရင်ခွင့်နွေးနွေးကို ခုိလှုံချင်မိတာတော့ မဆန်းပါချေ။

အသက်ခပ်ပြင်းပြင်း တဝရှုရှိုက်လိုက်ရင်း စိတ်ကို လန်းဆန်းစေလိုက်မိသည်။ထို့နောက်
ကျောပိုးအိတ် အပြာလေးကို နှစ်ဖက်လွယ်ရင်း ခြေလှမ်းတွေကို အနည်းငယ်မြန်လိုက်မိတော့သည်။ ပထမဆုံးကျောင်းစတတ်တဲ့နေ့မှာ
ပထမနှစ်ကျောင်းသားတစ်ယောက် ကျောင်းနောက်ကျတာ မဖြစ်သင့်ဘူးလေ။
ထိုအတွေးနဲ့အတူခြေလှမ်းတွေက သွက်လျက်.....။

"ဟိတ်..ဟိတ်...အရှေ့က သူငယ်ချင်း ခဏစောင့်"

အနောက်မှ လှမ်းခေါ်သံကြောင့် သူလှည့်ကြည့်လိုက်မိသည်။ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်....သူ့လိုပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်မည်ဟု တွေးလိုက်မိသည်။ ထိုကောင်လေးက သူ့ဆီကို ဘယ်အချိန်ထဲက ပြေးလိုက်လာသည်မသိ...သူ့အနားကိုရောက်တော့ အတော်ပင် မောဟုိက်နေလေပြီ။
သူလည်း ထိုကောင်လေးကို လှမ်းပြုံးပြလိုက်ပြီး
ရောက်နေသည့်နေရာမှာပင် ရပ်စောင့်နေလိုက်မိသည်။

MSFOMH💛 {Completed}Tahanan ng mga kuwento. Tumuklas ngayon