P52

12.1K 1.2K 65
                                    

"ကိုယ် ဒီည မင်းနဲ့ အတူ အိပ်လို့ ရမလား" တဲ့။
မေးလိုက်တဲ့မေးခွန်းက ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့
အဓိပ္ပာယ်တွေ အများကြီးပါဝင်လေ၏။

နောက်ထပ်စကားတစ်ခွန်းက "ကိုယ်မင်းကို လိုအပ်နေတယ်"တဲ့။ ဒါလဲ ရှင်းရှင်းလေးပါပဲ။
ဒါပေမဲ့ များစွာသော အဓိပ္ပာယ်တွေ သက်ရောက် သွားမှုကို ခေါင်းစဥ်တပ်ကာ ခွဲခြမ်း မစိတ်ဖြာချင်တော့။

အတင်းအကန် ငြင်းဆန်ပြီး ပြဿနာတွေ မရှာချင်တော့။ စိတ်ထဲ အရုိးသားဆုံး ထားလိုက်ကာ တစ်ညတာ အတူ အိပ်စက်ဖို့ကိုသာ ပြင်လိုက်မိတော့သည်။

"ငယ်... ဆံပင်တွေ ရှည်လာတယ်နော်"

အဆက်အစပ်မရှိ ထပြောလိုက်သော စကားတစ်ခွန်းကြောင့် ငယ်က ပြုံးလေသည်။

မျှော်လင့်ထားသည်ထက် အများကြီးပြောင်းလဲသွားသော အစ်ကိုသော်။

တစ်ချိန်က ရင်ထဲကနေ နှစ်နှစ်ကာကာ အကြိမ်ကြိမ်ခေါ်ခဲ့ရသော နာမ်စားလေးတစ်ခုကို အမှတ်မထင် စိတ်ထဲတွေးမိတော့ နီရဲပူထူသွားသည် ့နားရွက်လေးတွေက ဟန်ဆောင်မှုကင်းစွာ။

"အင်း ဒီလိုပဲ ရှည်သွားတယ်"

ပြန်ဖြေလိုက်သော လေသံတွေ အနည်းငယ်ပျော့ပြောင်းသွားသည်ကို ငယ်တစ်ယောက် ကိုယ့်ကိုကိုယ် သတိပြု ခန့်မှန်းလိုက်မိသည်။ ထို့အတူ အသော့်လည်း သတိထားလိုက်မိသည်။

"ငယ် အဆင်သင့်ဖြစ်ပြီလား"

မဝံ့မရဲမေးလိုက်သော အသော့်၏အသံက တိုးလျလျလေး။

"အင်း ခင်ဗျားနဲ့ အတူအိပ်ဖို့ ကျုပ်အဆင်သင့်ဖြစ်နေပြီ"

ငယ်က ကုတင်ပေါ်သို့ တက်လိုက်ကာ အရင်လှဲလျောင်းလိုက်ပြီး "လာ ဒီနေရာမှာ လာအိပ်" ဆိုသည့် ပုံစံမျိုးဖြင့် လွတ်နေေသာ နေရာနှင့်ခေါင်းအုံးလေးကို ပုတ်ပြလိုက်ကာ အသော့်၏ အမေးကို ချက်ချင်း တုန့်ပြန်လိုက်လေသည်။

ငယ့်အပြုအမူကို အသော်က ရုတ်တရက် အ့ံအားသင့်သလို ဖြစ်သွားပြီး....နောက်မှ တစ်စုံတစ်ရာကို သဘောပေါက်သွားကာ ပြုံးယောင်သန်းသွားသော မျက်နှာလေးဖြင့် ငယ့်ဘေးရှိ ခေါင်းအုံးလေးပေါ်တွင် အသာအယာ ဝင်လှဲလိုက်တော့လေသည်။

MSFOMH💛 {Completed}Where stories live. Discover now