P69

11.2K 1.2K 61
                                    

"ဟယ် တိမ်လွှာ၊ ဘယ်လိုဖြစ်လာတာလဲ၊
မျက်နှာတစ်ခြမ်းလုံး နီရဲနေတာပဲ"

နားနေခန်းထဲ စိတ်ပျက်လက်ပျက် ဝင်ချလာသော
တိမ်လွှာ့ကို မြင်သည်နှင့် အလန့်တခြားဖြစ်သွားကာ မေးခွန်းထုတ်လုိက်သူက စန္ဒီ။
ထို့နောက် တိမ်လွှာ့အနားသို့ ပြေးလာကာ နီရဲနေသော ပါးပြင်ကို သေချာတစ်ချက်ကြည့်လိုက်ပြီး
ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ဘူးကို ယူလိုက်ကာ ပါးအနားတွင် ကပ်ပေးလိုက်လေသည်။
တိမ်လွှာကလည်း စန္ဒီ့လက်ထဲမှ ရေခဲရေ ဘူးကို လက်ပြောင်းယူလိုက်ကာ ဆက်လက်ကပ်ထားလိုက်ပြီး နီးစပ်ရာ ထိုင်ခုံတစ်ခုံတွင် ဗုန်းခနဲ ထိုင်ချလိုက်တော့သည်။ ထို့နောက် စန္ဒီမျက်နှာကို မှင်သေသေလှမ်းကြည့်လိုက်ကာ

"ငါ့ပါးကို ဘယ်သူရုိက်လိုက်တယ်ထင်လဲ"

ဟုမေးတော့ ချက်ချင််းပြန်ဖြေလိုက်သော စန္ဒီ့၏လေသံက အားရကျေနပ်နေသည့်နှယ်။

"တိမ်ယံလား... ငါပြောသားပဲ အစကတည်းက ပြဿနာသွားမရှာပါနဲ့ ဆိုတာကို ၊ အခုလို အရုိက်ခံရတော့ ကောင်းလား၊ နင်လည်းခံရခက် မောင်ကိုလဲ ငရဲပေးသလိုဖြစ်"

"ယံယံ ရုိက်လိုက်တာမဟုတ်ဘူး"

"ဟမ်...ဒါဆို အသော်လား၊ ဒီကောင်ကွာ!!"

စန္ဒီတစ်ယောက် ရေရေရာရာ မသိဘဲ ထင်ချင်ရာတွေ စွတ်ထင်ပြီး အပြစ်တင်နေေသာ ပုံစံကို
ကြည့်ပြီး တိမ်လွှာ့မျက်နှာက ပြုံးစိစိဖြစ်လာ
တော့သည်။ ထို့နောက် ဟန်မဆောင်နိုင်တော့ပဲ ဟက်ဟက်ပက်ပက် ရယ်ချလိုက်လေတော့သည်။

"ဟဲ့ နင်က ဘာရယ်တာလဲ၊ ပါးအရုိက်ခံရတာတောင် ပျော်နေနိုင်သေးတယ်"

စန္ဒီတစ်ယောက် တိမ်လွှာ့ကို နားမလည်နိုင်သော ပုံစံမျိုးဖြင့် ကြည့်လိုက်ကာ ပွစိပွစိပြောလိုက်ပြီး နောက် Medical Box ထဲမှ လိမ်းဆေးတောင့်
တစ်တောင့်ကို ယူကာ တိမ်လွှာ့အနားကို လျှောက်လာလိုက်လေသည်။ ထို့နောက် ဆေးအနည်းငယ်ကို ညှစ်ယူကာ နီမြန်းနေသော ပါးပြင်တစ်ဝုိက်တွင် အသာလူးပေးလိုက်တော့သည်။

တိမ်လွှာကလည်း ပါးလေးစောင်းကာ ဆေး
အလူးခံရင်းမှ စကားကို ဆက်သည်။

MSFOMH💛 {Completed}Where stories live. Discover now