P76

9.7K 1K 22
                                    

လှုိင်းတံပိုးတွေဟာ ကျောက်ဆောင်တွေကို တဖြေးဖြေးတိုက်စားတတ်သလို .....
ဂရုစိုက်ခြင်းတွေကလည်း နှလုံးသားကို
တဖြေးဖြေးတိုက်စားတတ်တယ်တဲ့။
...............................................................................

"ဘယ်တွေလျှောက်သွားနေပြန်တာလဲ ထူးမြတ်ရာ၊
ခုတစ်လော မင်းအိမ်မကပ်ဘူးနော်၊ ငါလာရှာလိုက်တိုင်း ဘယ်တော့မှ မတွေ့ဘူး၊ မှန်မှန်ပြောစမ်း၊ မင်းကောင်မလေး တကယ်ရနေပြီ မဟုတ်လား"

"ခဏခဏ မေးနေပုံထောက် ကျွန်တော် ကောင်မလေး ရသွားရင် ကိုတိုးကြီးက
တစ်ဝိုင်းကျွေးမလို့လား

စသလုိလို နောက်သလိုလိုနှင့် အကဲခတ်ကာမေးလိုက်သော တိုးကြီး၏မေးခွန်းကို လိမ်မာပါးနပ်စွာပြန်ဖြေကာ မေးခွန်းပြန်ထုတ်လိုက်သော ထူးမြတ်။

"အေး ကျွေးမယ်၊ တစ်ဝိုင်းမကဘူး ဆယ်ဝိုင်း ဆယ်ဝိုင်း၊ မင်းသာ မင်းကောင်မလေးနဲ့ ငါ့ကို မိတ်ဆက်ပေး ၊ ဟုတ်ပြီလား"

"ဟုတ်ပါပြီ ကိုတိုးကြီးရာ၊ ဒါနဲ့ ကိုတိုးကြီးလည်း အခုတစ်လော ကျွန်တော့်ကို အရမ်းလိုက်ရှာတာပဲနော်၊ ဘာလဲ မျက်စိအောက်က အပျေိာက်မခံနိုင်ဘူးလား"

ထူးမြတ်၏အပြောကြောင့် တိုးကြီးက ဟက်ဟက်ပက်ပက် ရယ်ချလိုက်တော့လေသည်။
ထို့နောက် သဘောကျသလို လေသံဖြင့်

"ဟုတ်မှာ...ငါမင်းကုိ သဘောကျနေတာလား မသိဘူး၊ မျက်လုံးထဲ မတွေ့တာနဲ့ လိုက်ရှာနေမိတော့တာ ဟားဟား ဟားဟား "

တိုးကြီး၏စကားအဆုံးတွင် နှစ်ဦးသား သံပြိုင်ရယ်မောမိကြသလို နံဘေးအခန်းမှ တခြားအပေါင်းအဖော်တွေကပါ သဘောကျစွာ ဝိုင်းရယ်ကြတော့လေသည်။

သို့သော် ထိုရယ်မောခြင်းကို အစပြုသူနှစ်ဦး၏ မျက်ဝန်းတွေထဲတွင်တော့ မဆုိစလောက်လေး ဖြတ်သန်းနေကြသော စိုးထိတ်မှုတွေ....။

"အေးပါကွာ ၊ အဲ့ဒါတွေ ထားလိုက်ပါတော့၊
လာမဲ့ ပိတ်ရက်ထဲမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ မင်းကို အသိလာပေးတာ၊ မင်းက ဒီကိုရောက်တာ လပိုင်းပဲ ရှိသေးတာ ဆိုတော့ အဲ့ဒီနေရာကို တစ်ခါမှ မရောက်ဖူးသေးဘူးလေ၊ ဆရာကလည်း မင်းကို သေချာ ပြောပြဖို့နဲ့ လိုအပ်တဲ့ အဝတ်အစားဝယ်ဖို့ မုန့်ဖိုးပေးလိုက်သေးတယ်..ရော့"

MSFOMH💛 {Completed}Where stories live. Discover now