General Knowledge

8.8K 645 11
                                    

ဆေးစွဲနေကြောင်း သိသာစေတဲ့ လက္ခဏာများ

ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားြဖစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲတတ်တဲ့ သူတစ်ယောက်မှာရှိတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။

ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ပြဿနာတွေလည်းဆေးစွဲတဲ့အထဲမှာပါပါတယ်။

ဆေးစွဲနေတဲ့ သူတစ်ယောက်မှာ ဘယ်လို လက္ခဏာတွေရှိလဲ ?

စိတ်ပိုင်းဆိုင်ရာ ။ ။
ကိုယ့်ရောဂါ ပျောက်သွားတာတောင် ဆေးကို ဆက်သောက်နေသေးတယ်၊ ဆေးသောက်မှ နေလို့ကောင်းတယ်လို့ ခံစားနေရရင် သင် ဆေးစွဲစပြုနေပါပြီ။
ဒီလိုနဲ့ သောက်ပါများလာတော့ စိတ်ထဲက ဆေးမတိုးတော့သလို ခံစားရပြီး စိတ်ကျေနပ်မှု ရတဲ့အထိ ဆေးတွေတိုးသောက်လာပါတော့တယ်။
ဆေးမသောက်တဲ့ရက်တွေဆိုတစ်ခုခုလိုနေသလို စိတ်ဓါတ်ကျေနသလို၊ အားမရှိသလိုဖြစ်ပြီး ဆေးသောက်လိုက်မှ ခံစားနေရတာတွေအားလုံးသက်သာသလိုဖြစ်သွားတာမျိုး။
အသိစိတ်က ဒီဆေးတွေ မသောက်သင့်ဘူးဆိုတာကို သိနေပေမယ့် မသိစိတ်က ဆေးကို ဆက်သောက်ချင်နေမယ်။ သောက်ပြီး၊ သုံးပြီးရင်လည်း အပြစ်ရှိသလို ခံစားနေရမယ်။

MSFOMH💛 {Completed}Where stories live. Discover now