P19

11.1K 1.2K 93
                                    

နေ့လည်တုန်းက သမီးကြီးနှင့်သားယံလေးတို့
ပြသာနာကအကြား ဝင်ဆွဲရင်း လူတစ်ကိုယ်လုံးက ကုိင်ရိုက်ထားသကဲ့သို့ ခံစားနေရလေသည်။ နဂို
နှလုံးသွေးကြောကျဥ်း ရောဂါအခံရှိသည့်အပြင်
ဆူညံပူညံ အသံတွေကို မကြားနိုင် လက်မခံနိုင်။
သမီးကြီးဖြစ်သူကလည်း ဘာအကြောင်းအရင်းကြောင့် ထိုကဲ့သို့ မကြာခဏ ယံလေးအပေါ် ပြဿနာရှာမှန်းမသိ။ သေချာရှင်းပြပါ ဆိုပြန်ရင်လည်း မဟုတ်။ ဒီအတိုင်းဆို ရှေ့ဆက်ပြီး ဘာတွေဖြစ်လာအုံးမလဲဆိုတာ မစဥ်းစားတတ်တော့။

သားကို မုန့်ဖိုးနည်းနည်းပေးပါအုံးဆိုပြီး ထူးထူးဆန်းဆန်း ပိုက်ဆံလာတောင်းသည့် သားအငယ်လေးကိုလည်း စိတ်ထဲ မတင်မကျ။ အသုံးနှင့်အဖြုန်းကို ခွဲခြားသိသော သားက တစ်ခါမှ
ပေးထားေသာမုန့်ဖိုးကို မလောက်မင မဖြစ်ဖူးဘူး။
အသော့်အတွက် ပိုကုန်ရသည်ဆိုတာ မှန်ပေမဲ့
ဒီလောက်မြန်မြန်ကုန်သွားလိမ့်မည်ဟု မထင်ခဲ့။
မိမိတို့ ထည့်ပေးထားသည့် ပိုက်ဆံဆိုသည်မှာလည်း ပမာဏ မနည်းဘူးမှတ်လား။

ေဒါ်ခင်မာဦးတစ်ယောက် သားနှင့်သမီးဖြစ်သူ၏အကြောင်းကို တွေးကာ အိပ်ယာထဲ တလူးလူးတလိမ့်လိမ့်ဖြင့် အိပ်မပျော်နိုင်ဘဲ ရှိနေလေသည်။ မနက်နှစ်နာရီထိုးနေသည့်တိုင်အောင် တမှေးမှ မအိပ်စက်ရသေးသည်မို့ အပေါ့အပါးသွားချင်သည့်စိတ်ဖြစ်ကာ သန့်စင်ခန်းသို့သွားရန်
ထလာလိုက်လေတော့သည်။

အခန်းတွင်း သန့်စင်ခန်းကို အသုံးမပြုတော့သည်မှာ ကြာနေပြီမို့ သွားနေကြအတိုင်း
အိမ်အနောက်ဘက်ရှိ သန့်စင်ခန်းဘက်သို့ထွက်လေလိုက်၏။

"နင်ဘယ်လိုဖြစ်နေတာလဲ အသော် ၊ ငါနင်နဲ့ မပတ်သတ်ချင်တော့ဘူး"

အနောက်ဘက် သန့်စင်ခန်းမှ အပြန် အပေါ်သို့တက်သည့် လှေကားနားမှ အဖြတ် ရုတ်တရက်
ပီပီသသ ကြားလိုက်ရသော စကားသံတချို့ကြောင့် ဒေါ်ခင်မာဦး၏ခြေလှမ်းများ တုန့်ခနဲရပ်သွားလေ၏။

ခပ်ကြိတ်ကြိတ်စကားများနေကြသော်လည်းလူခြေတိတ်သည့် အချိန်ဖြစ်သည့်အတွက်
လွင့်ပျံ့နေသော စကားသံများကို ထိန်းချုပ်၍မရပါ။

MSFOMH💛 {Completed}Where stories live. Discover now