P71

10.7K 1.1K 61
                                    

ခြံဝန်းတစ်ခုလုံး အနည်းငယ် တိတ်ဆိတ်နေပြီး
လူသူ အရိပ်အယောင်ပင် မတွေ့ရ။ ခပ်ငုိက်ငိုက်ဆောင်းလာသော ဦးထုပ်ကို ချွတ်လိုက်ပြီး ခြံရှေ့တံခါးဝမှ ခေါင်းလောင်းကို အသာလှုပ်ခတ်တီးလိုက်မိသည်။ ပုံမှန်ဆို ညခုနှစ်နာရီလောက် အထိ လူမပြတ်ရှိနေကြ။ သို့သော် ဒီနေ့က သောကြာနေ့ လည်းဖြစ်သလို ညနေပိုင်းလည်းဖြစ်သည့်အတွက်
အကုန်နီးပါး အားလပ်ချိန်ရကြသည်။ ထို့ကြောင့်
လူရှင်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထူးမြတ်တစ်ယောက် ခြံထဲသို့ လည်ဆန့်ကာ လှမ်းကြည့်လိုက်ပြီး ခေါင်းလောင်းကို ဒုတိယအကြိမ်မြောက် တီးလိုက်မိလေသည်။ ဟော လာပါပြီ....ဒေါ်ပျာဆိုသည့်အတိုင်း အမြဲပျာယာခတ်လျက်။

"ဟဲ့ ဘယ်လိုဖြစ်လို့ ခေါင်းလောင်းကို အသားကုန်
တီးနေတာလဲ နားငြီးလိုက်တာ၊ လာနေတာ မမြင်ဘူးလား"

ခြံအဝနားတွင် မရောက်သေး။ လှမ်းရန်စွာလိုက်သော ဒေါ်ပျာအသံကြောင့် ထူးြမတ်တစ်ယောက် သဘောကျစွာ ပြုံးလိုက်မိသည်။

အနည်းငယ် သွယ်လျသော မျက်နှာနှင့် လိုက်ဖက်စွာ ပြုံးလုိက်တော့ သွားစွယ်လေးတွေက ထင်းခနဲ။ တစ်ခါတစ်လေ ကိုသော်တာ အေသးစားလေးဆိုပြီး ကလျာက ပြောပြောနေကြ....ဒါကို ဒေါ်ပျာက "ဘယ်ကသာ ...မောင်သော်တာကသာ ထူးြမတ်အသေးစားလေး" ဟု အတင်းဝင်ပြောရသည်အထိ။

ဲေဒါ်ပျာပြောတာလည်း မမှားပါဘူး။ ထူးမြတ်နဲ့ ဒေါ်ပျာက အရင်ဆုံခဲ့ကြသည်ကိုး....။

"အော် ဘယ်သူမှ မကြားဖူးထင်လို့၊ ဒါနဲ့ ဆရာရှိလားဟင် ဒေါ်ပျာ"

"မရှိဘူး ထူးမြတ်ရေ စောစောက လေးတင် အပြင်ကို ထွက်သွားကြတယ်၊ မောင်ဦးငယ်ရဲ့ အစ်မဆီကိုဆိုလား"

"ဟုတ်လား....ကျွန်တော်က ဆရာခေါ်တယ်ဆိုလို့ရောက်လာတာ"

"အေး...အဲ့တာဆိုလည်း ရောက်လက်စနဲ့ ထိုင်သာစောင့်နေလိုက်တော့..ရော့ ရော့ သော့ပြန်ခတ်ခဲ့အုံး၊ ဒေါ်ပျာ ဟင်းချက်နေရင်းတန်းလန်းမို့"

ဒေါ်ပျာက ခြံတံခါးသော့ကို ဖွင့်နေရင်းမှ ထူးမြတ်ကို အကျိုးအကြောင်းပြောပြလိုက်လေသည်။
ထို့နောက် ထူးမြတ်၏လက်ထဲသို့ ေသာ့တန်းလန်းနှင့် သော့ခလောက်ထုိးထည့်ခဲ့ကာ အိမ်ထဲသို့ အမြန်ပြေးဝင်သွားတော့လေသည်။

MSFOMH💛 {Completed}Where stories live. Discover now