P45

11.5K 1K 14
                                    

လွန်ခဲ့သော ၆နှစ်ခန့်
ိိိိ့််
"မြေစာပုံ ပြိုပြန်ပြီတဲ့ဟေ့"

အင်မတန်ထိတ်လန့်နေသော အသံဖြင့် အသံကုန်အော်ဟစ်လိုက်သော ဆုိဒ်ထဲမှ လူတစ်ယောက်ကြောင့် လုပ်လက်စ အလုပ်များ တန့်ခနဲရပ်သွားလေသည်။ သိပ်မကြာလိုက်ပါဘူး စုရုံး စုရုံးပြေးလွှားနေကြသော လူစုလူဝေးများက အိမ်ရှေ့မှ ဖြတ်၍ပြေးသွားကြလေသည်။ မှော်ထဲတွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စဖြစ်၍ အထူးအဆန်းမဟုတ်ပေမဲ့ ဒီနေ့မှ မှော်ထဲ ဆင်းသွားသော ဖခင်ဖြစ်သူအတွက် စိတ်ပူမိသည်။ ထို့ကြောင့် တည်လက်စ ဟင်းအိုးကို မီးဖိုပေါ်မှ ချလိုက်ကာ ထဘီတိုတိုပြင်ဝတ်လိုက်ပြီး အိမ်ရှေ့သို့ ထွက်လာလိုက်လေသည်။

"ကိုထွေး ဘယ်လုပ်ကွက်ထဲမှာ ဖြစ်တာတဲ့လဲ"

အိမ်ရှေ့မှ ကသုတ်ကရုိက် ဖြတ်သွားသော ကိုထွေးကို လှမ်းမေးလိုက်တော့ ကိုထွေးမျက်နှာက ပျက်ယွင်းသွားလေသည်။

"ကလျာ ညည်းဘာလုပ်နေတာလဲ ၊ နင့်အဖေတို့ လုပ်ကွက်ထဲမှာ ဖြစ်တာတဲ့ လာ မြန်မြန်"

ကိုထွေး၏စကားသံ အဆုံး၌ မျက်လုံးများပြာတက်သွားကာ ဖိနပ်ပင် မစီးနိုင်တော့ဘဲ မှော်ထဲသို့ ခြေသုတ်တင် ပြေးမိလေတော့သည်။ ရှုိက်သံမထွက် ၊ ငိုကြွေးသံမထွက်နဲ့ ပါးပြင်ပေါ်စီးကျလာသော မျက်ရည်တွေက မခမ်းနိုင်။ လူပေါင်းထောင်ချီကြားထဲ အတင်းတိုးဝေှ့ကာ အလုိရှိရာ နေရာသို့
အမြန်ဆုံး ပြေးသွားလိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။ ကယ်ဆယ်ရေး တချို့ သယ်ထုတ်လာသော အသက်မဲ့ ရုပ်အလောင်းများကြားထဲမှ လက်တစ်ဖက် မရှိသော မိမိ၏ဖခင်ဖြစ်သူ
ရုပ်အလောင်းကို ထင်ရှားပြတ်သားစွာ မြင်တွေ့လိုက်ရသည်မို့ ထိုနေရာမှာပင် ပုံလျက်သား လဲကျသွားလေတော့သည်။ စိုးရိမ်တကြီး ဝုိင်းထူမလိုက်ကြသောသူတွေ၏ခေါ်ဆောင်ရာနောက်သုိ့ ပါသွားပေမဲ့ အကြည့်များကတော့ ဖခင်ရှိရာမှ မခွာနိုင်။
အဖေ့ကိုသာ ဒီနေ့ မှော်ထဲကို မလွှတ်လိုက်မိရင် ဟူသော အတွေးကြောင့် ယူကြုံးမရဖြစ်သည့်စိတ်က ပိုလာသောအခါ ရုန်းရင်းကန်ရင်း အော်ဟစ်ရင်းနဲ့ပင် အသိစိတ်များပျောက်သွားပြီး ထိုနေရာမှာပင် သတိလစ် မေ့မျောသွားလေတော့သည်။
.
.
.
ထိုအချိန်က ကလျာကြည်ဆိုသော သူမဟာ
ယံဦးငယ်ဆိုသော ကောင်လေးတစ်ယောက်နှင့် မဆုံခဲ့ကြသေးပေ။
...............................................................................

MSFOMH💛 {Completed}Where stories live. Discover now