P48

13.7K 1.3K 173
                                    

" Essential Beer Bar"

အမှောင်ထုကြီးစိုးနေသော ညကို အံတုပြီး
LED မီးရောင် မှိတ်တုပ် မှိတ်တုပ်ဖြင့် ဖြတ်သွားဖြတ်လာ မှန်သမျှကို ဆွဲဆောင်နေေသာ နေရာတစ်ခု။ အပြင်ပန်းကကြည့်လိုက်ရင်တော့ သာမန်
ဘီယာဆိုင်တစ်ဆိုင်ထက် မပို။ သို့သော် အထဲသို့
ခြေထောက်တစ်ဖက်လှမ်းကာ ဝင်လိုက်သည်နှင့်
တခြားနေရာတစ်ခုသို့ ရောက်သွားသလိုမျိုး ခမ်းညားထည်ဝါသော အပြင်အဆင်နှင့် ဆွဲဆောင်မှုရှိလှသော နေရာ။

အဝင်အဝအပေါက်ကနေ မတ်တတ်ရပ်ပြီး ကြည့်လိုက်မည်ဆိုလျှင် ညာဘက်ခြမ်း၌ ဘီယာဝုိင်းနှင့်
မူးရူးပျော်ပါးနေကြသော လူတစ်ချို့ကို တွေ့နိုင်မည်ဖြစ်ပြီး ဘယ်ဘယ်ခြမ်းတွင်တော့ မူးယစ်ဆေးကို ပေါ်တင်သုံးကာ မှိန်းမောနေကြသောသူများ အများအပြား။ အလယ်ခေါင် တည်တည့်တွင်တော့ အပေါ်ထပ်သို့ တက်သည့် လှေကားအကြီးကြီး တစ်ခုရှိနေပြီး ထိုလှေကားပေါ်၌လည်း ယောကျာ်းမိန်းမ မခွဲခြားဘဲ ဖက်ရမ်း နမ်းရှုံ့နေကြသော လူတစ်ချို့။
အပေါ်ထပ်တွင်ကတော့ အောက်ထပ်လောက် ဆူညံပွက်လောရိုက်နေခြင်းမရှိဘဲ အနည်းငယ် ငြိမ်သက်နေလေ၏။ ယူနီဖောင်းအပြည့်အစုံကို ဝတ်ပြီး ဝီစကီ ဗန်းကို ကိုင်ကာ လှည့်လည်သွားလာနေေသာ ဝန်ထမ်းအချို့ကလွဲပြီး လူသူအရိပ်အယောင် သိပ်မတွေ့ရ။

"ဝင် အထဲကို"

ခပ်မာမာ တင်းတင်းအသံနှင့်အတူ လည်ပင်းအင်္ကျီစကို ဆွဲထားရင်းမှ အထဲသို့ဆောင့်တွန်းလိုက်သည်မို့ ယိုင်ခနဲဖြစ်သွားပြီး နံဘေးရှိ မိန်းကလေး တစ်ဦးနှင့် တိုက်မိသွားလေသည်။

"ဟာ ဆောရီး"

"ခစ် ခစ် ခစ် ရပါတယ်၊ မတော်တဆပဲဟာကို"

အသော်က မတော်တဆတိုက်မိသွားသည်မို့ ပျာပျာသလဲလဲ တောင်းပန်လိုက်သော်လည်း ထို မိန်းကလေးက စိတ်ဆုိးသည့်ဟန်မပြပဲ တခစ်ခစ်ရယ်ကာ အသော့်မျက်နှာကို သေချာစွာ စိုက်ကြည့်လိုက်လေသည်။ ထို့မှတဆင့်အကြည့်များက အသော့်ဘေးရှိ ငယ့်ထံသို့.......။

"ဟယ် ဦးငယ် ! မတွေ့တာတောင်ကြာပြီ
ဘယ်တွေပျောက်နေတာလဲ၊ ဘယ်လ်လာ(Bella) တို့အိမ်တောင် မလာတာ ကြာပြီနော် "

MSFOMH💛 {Completed}Where stories live. Discover now