P62

10.6K 1.1K 54
                                    

"ဒေါ်ကလျာ ဘယ်မှာလဲ၊ အခုကျုပ်ဆီ လာခဲ့စမ်း
ဒေါ်ကလျာ"

အသံကုန်ဟစ်ကာ အော်ခေါ်နေသော ငယ့်၏အသံတွေက လည်ချောင်းကွဲလုမတတ်။

"ဒေါ်ပျာကို ခေါ်တာ မဟုတ်ဘူး၊ ဒေါ်ကလျာကိုခေါ်တာ နားပင်းနေကြတာလား၊ ဘာလို့ ဒေါ်ပျာချည်းပဲ အပေါ်ကို တက်လာနေရတာလဲ.. အီး..ဟီး..ဟီး"

အပေါ်ကို အပြေးတက်လာသော ဒေါ်ပျာကိုအော်ဟစ်မောင်းထုတ်ကာ ငိုယိုနေပြန်သော
ငယ့်ပုံစံက လိုတာမရ .. ရတာမလို ဖြစ်နေေသာ ကလေးတစ်ယောက်လို။

"ဒေါ်ကလျာ ပြောတော့ ဘာပဲဖြစ်ဖြစ် ငယ့်အနားမှာပဲ ရှိနေမှာဆို ၊ မမ က ငယ့်အတွက် ဘာမဆို လုပ်ပေးမှာဆို၊ အခုကျတော့ ကျုပ်အနားတောင် မကပ်ချင်တော့ဘူးလား၊ ပြောစမ်းပါအုံး"

ငိုနေတာရပ်သွားလိုက်၊ ဒေါသတစ်ကြီး ရန်တွေ့လိုက်ဖြစ်နေသော ငယ်။

အောက်ထပ်က ဆိုဖာတွင် ခပ်တည်တည်ဖြင့် ထိုင်နေသော ကလျာသည်လည်း ထိုင်ရမလိုလို ထရမလုိလို ဖင်တကြွကြွဖြစ်နေလေပြီ။
ဘာကို အလိုမကျလို့ မကျမှန်းမသိ တစ်မနက်လုံး အော်ဟစ်သောင်းကျန်းလို့ အားမရသေး၊
အရက်မသောက်တတ်ဘဲနဲ့ ဝီစကီ တစ်ပုလင်းလုံးကုန်အောင်သောက်ထားသည်တဲ့။
ဆရာတောင်းလုိ့ပါဟူ၍ မျက်နှာငယ်ဖြင့်ပြောလာသော တိုးကြီး၏ကျောကုန်းကိုလည်း သုံးချက်လောက် ထုရုိက်ပစ်လိုက်မိသည်။

ငယ်က တောင်းတိုင်း ပေးစရာလား။ သူ အိမ်ပြန်ရောက်တော့ ဖြစ်ပျက်နေလိုက်တာများ မြင်မကောင်း ရူ့မကောင်း၊ အခန်းတစ်ခန်းလုံးလည်း ပွစာကြဲပြီး ကြမ်းပြင်ပေါ် ဖြစ်သလို ပစ်လှဲ အိပ်နေတဲ့ ငယ်က သူမ...သိသော ယံဦးငယ်မှ ဟုတ်ပါလေစ။

အပြင်က ပြန်ရောက်ရောက်ချင်း အမောပင်ဆုိ့သွားရသည်။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့်
အောက်ထပ်မှ ဧည့်ခန်းထဲတွင် ထိုင်နေတာ
တစ်နာရီကျော်လောက်ရှိသွားလေပြီ။ အခုလည်း အမူးပြေပြီး နိုးလာသည်လား ဒါမှမဟုတ် မူးပြီးရစ်နေသည်လား မသိ။ သူမ နာမည်ကို တကြော်ကြော် အော်ေခါ်ပြီး
တစ်အိမ်လုံးကို ပြသာနာ ရှာနေတာ .... ဒေါ်ပျာနှင့် တိုးကြီးပါမကျန်။

MSFOMH💛 {Completed}Où les histoires vivent. Découvrez maintenant