P44

11.7K 1.2K 33
                                    

"တောက်"

တောက်တစ်ချက်ကို ပြင်းထန်စွာ ခေါက်လိုက်သော်ငြားလည်း ဒေါသက မပြေ။ မကျေနပ်ခြင်း၊
အလုိမကျခြင်း၊ နာကျင်ခြင်းတွေ ရောပြွန်းနေသော နှလုံးသားထဲမှ ခံစားချက်တွေဟာလည်း
အနိမ့်အမြင့်မညီ။ ဘယ်သူ့ကို အပြစ်ပုံချလို့ ချရမှန်းမသိသလို အခုလိုဖြစ်တည်လာသော ကံတရားကိုလည်း မုန်းသည်။ ကျွန်တော်က ကံတရားကို ယုံတယ် ဟု အကြိမ်ကြိမ်ကြွေးကြော်လာခဲ့သမျှ ဒီတစ်ခါတော့ မုန်းမိသည်။

သူများဘဝထဲကနေ ကောက်ခါငင်ကာ ပျောက်ကွယ် သွားခဲ့တုန်းက တခြားသူအတွက် ထည့်မတွေးမိ။ အခု ကိုယ့်ဘဝထဲကို ဆိုင်းမဆင့်ဗုံမဆင့် မမျှော်လင့်ဘဲပြန်ရောက်လာတဲ့ အချိန်ကျမှ မရှုနိုင်မကယ်နိုင်တွေဖြစ်နေသော မိမိကိုယ်ကိုလည်း အံ့ဩမိသည်။

မင်းဘာဖြစ်ချင်နေတာလဲ တိမ်ယံဦး။

မှန်ရှေ့ရပ်ကာ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး မေးခွန်းထုတ်လိုက်မိသည်။ မသုံးဖြစ်တာကြာ
ပြီြဖစ်သော နာမည်လေးနှင့်.....။

တစ်ချိန်တုန်းက အစ်ကို့ကို ချစ်လို့ပါ အစ်ကိုနဲ့မခွဲနိုင်လို့ပါ ဆိုပြီး ဘယ့်သူမျက်နှာကိုမှ မထောက်ပဲ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကိုပဲ စိတ်တိုင်းကျ ရွေးချယ်လုပ်ခဲ့သည့်သူ။ မိဘတို့၏မျက်နှာကိုလည်း မထောက်၊ မောင်နှမသားချင်းအပေါ် အားနာရကောင်းမှန်းလဲမသိ။ ပတ်ဝန်းကျင်ကို ရှက်ကြောက်ရမှန်းလဲ မတွေးခဲ့။ ကလေးဆန်သည့် အတွေးတစ်ခုထဲနဲ့ အရာအားလုံးကို ပစ်ပြီး ဒီလူတစ်ယောက်တည်းကိုပဲ မက်မက်မောမောရွေးချယ်ခဲ့တာ။ နောက်ဆုံးအဆုံးသတ်တွင်တော့ နာကျင်ခြင်းတွေ။

ကိုယ့်ကို မချစ်မနှစ်သက်မှန်းသိသည်။ သို့သော် ကိုယ်က အရူးအမူးချစ်သည်။ ထို့အတွက်ကြောင့်ပိုင်ဆိုင်ဖို့ကြိုးစားမိသည်။ အချစ်ခံရတာထက်
ကိုယ်ကချစ်ရတာ ပိုအရသာရှိတယ် လို့ ဘယ်လောက်ပဲ ဆိုနေပါစေ။ တကယ်တမ်း ဘဝတစ်ခုကို အတူတူဖြတ်သန်းဖို့ ရုန်းကန်လာရတဲ့ အချိန်မှာ အနည်းဆုံးတော့ ရောင်ပြန်ဟပ်ချင်မိသည်။

ယုန်က မတိုးဘဲ ပိုက်က တိုးခဲ့တယ် ဆိုတာလည်း ဟုတ်သည်။ အသတ်ခံရမှန်းသိလျက်နဲ့ တမင်တကာ ဝင်တိုးပြီး လည်စင်းပေးခဲ့တာလည်း မှန်သည်။ တကယ်တော့ ကိုယ့်ကုိ ချိုမြိန်စွာ စားသောက်စေချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုယ့်ထက်ပိုပြီး အရသာရှိတဲ့ အရာတွေကို မက်မောနေတဲ့ ခင်ဗျားကို ကျုပ် မုန်းမိတာအမှန်။

MSFOMH💛 {Completed}Where stories live. Discover now