P18

11.4K 1.2K 48
                                    

"ဟဲ့ အဲ့ဒါ ဟိုတစ်ယောက်မဟုတ်လား"

"ဘယ်သူလဲ"

"အာ..နင်ကလည်း Ward ထဲမှာ ဒီလောက်
ဟော့ဖြစ်နေတဲ့ကိစ္စလေ ၊ သူအမ်းထားတဲ့ကောင်က သူ့မောင်နဲ့ခိုးပြေးကြတယ်ဆိုတာလေဟာ"

"ေဩာ် သိပြီ သိပြီ ၊ အဲ့တစ်ယောက်လား ၊
ချစ်စရာလေးကိုဟယ် ဟိုအကောင်ကလည်း လုပ်ရက်တယ် ယောကျာ်းချင်းကြီးကို "

မကြားချင်ယောင် ဆောင်ထားပေမဲ့ နားနှင့်ဆတ်ဆတ်ကြားနေရသော အသံတွေက သံရည်ပူလောင်းချလိုက်သကဲ့သို့။ လှမ်းနေသော ခြေလှမ်း
များကလည်း စီးချက်မမှန်ချင်တော့။ လက်ထဲတွင်ကိုင်ထားသော ဂျူတီကုတ်နှင့်နားကျပ်ကိုလည်း မသယ်ချင်တော့လောက်သည်အထိ လက်ဖျားတေွက အေးစက်လာသည်။

မွေးကတည်းက ယခုအချိန်အထိ တစ်သက်နှင့်တစ်ကိုယ် ထိုမျှလောက် မရှက်မရခဲ့ဖူး။ လူအများအကြား အမြဲ ထင်ရှားပေါ်လွင်ခဲ့သော သူမက
ဤကဲ့သို့သော ကိစ္စကြောင့် လူတကာ ပါးစပ်ဖျားမှ အသနားခံနေရလေြခင်း။

"တောက်!"

တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ပြီး
နှုတ်ခမ်းတွေကိုလည်း ပြတ်ထွက်လုမတတ် ဖိကိုက်ထားကာ ဒေါသအဟုန်ဖြင့် ခြေလှမ်းတွေကို မောင်းတင်လိုက်တော့သည်။ ဟောက်စ်ဆာဂျင်
တစ်ယောက်ဖြစ်နေပြီဆိုသော အသိတွေလည်း မေ့နေခဲ့ပြီး အနောက်ထံပါးမှ လှမ်းခေါ်နေကြသော
သူနာပြုအကူများ၏အသံတွေကိုလည်း လှည့်မကြည့်ဖြစ်တော့။

ကားပါကင်တွင်ရပ်ထားေသာ ကားအနီရောင်လေးပေါ်သို့ အပြေးအလွှားပြေးတက်ကာ အလျှင်အမြန်စက်နှုိးလိုက်မိသည်။ ထို့နောက် ကားဦးခေါင်းကို အိမ်ရှိရာဘက်သို့ ဦးတည်ကာ လီဗာကိုလည်း အားကုန်ဖိနင်းလျက်.........။

တစ်လမ်းလုံး မြင်မြင်သမျှကားတွေကို အကုန်လိုက်ကျော်တက်ကာ မီးပွုိင့်အနီတွေကို ဖြတ်ခဲ့သည်မှာလည်း ဘယ်နှစ်ကြိမ်မှန်း မသိတော့။
လူတစ်ကိုယ်လုံး ဒေါသစိတ်ကြောင့် ဟုန်နေပြီး
မျက်နှာပြင်တစ်ခုလုံးကိုလည်း ဖြတ်ရုိက်ခံထားရသကဲ့သို့ ။

MSFOMH💛 {Completed}Where stories live. Discover now