"ထမင်းစားတော့မလား ငယ်"
ဧည့်ခန်းထဲ့သို့ ခြေချလိုက်သည်နှင့် အပြေးအလွှားလာမေးေသာ ကလျာ့၏အသံက မရဲတရဲ။
"မစားတော့ဘူး ၊ စားလာခဲ့ပြီးပြီ"
ကလျာ့၏မျက်နှာကို လှည့်၍ပင် မကြည့်ဘဲ အပေါ်သို့ တက်သွားသော ငယ့်ခြေသံတွေကို ခပ်ပြင်းပြင်း။ တမင်ခြေဆောင့်ပြီး တက်သည့်ပုံစံမျိုးမဟုတ် ၊ စိတ်ကိုက အနည်းငယ် မာဆတ်နေသည့်ပုံစံမျိုးဖြစ်နေ၍သာ....။
လှေကားပေါ်လှမ်းတက်နေရင်းမှ မွန်းအိုက်လာသည့်ပုံစံဖြင့် ရှပ်အင်္ကျီကြယ်သီးနှစ်လုံးကို ဆွဲဖြုတ်လိုက်လေသည်။ တစ်ညနေလုံး အရောင်းအဝယ်ကိစ္စနှင့် လုံးပန်းနေရသည်မို့ အသက်ပင် ဝအောင်မရူရ။ တပည့်ကောင်းတွေ၏ ကြိုးစားမှုကြောင့်
ဝယ်လက်များ တောက်လျှောက်တက်လာသလို
လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) မှလည်း အခုတလော ခြေစိပ်လာသည်မို့ တက်နိုင်သမျှ ရှောင်တိမ်းနေရသည်။
လိုင်းကြေးဆောင်ထားသည်ဆိုသော်လည်း အခန့်မသင့်လို့ တုိက်ရုိက်မိရင်မလွယ်။ ပထမဆုံး ဆုံးရှုံးရမှာက ကိုယ်...။ဟူး......။။
လေပူတစ်ချက်ကို မှုတ်ထုတ်လုိက်ပြီးနောက် အပေါ်သို့ ဖြေးဖြေးမှန်မှန်တက်လာသော ခြေလှမ်းတွေက လှေကားထိပ်အရောက်တွင် ရပ်တန့်သွားလေသည်။အကြောင်းမှာ လေှခါးထိပ်တွင် ပိတ်ရပ်နေသော အသော့်ကြောင့်ဖြစ်သည်။"ပြန်လာပြီလား ငယ်၊ ကိုယ်က ငယ့်ကို ထမင်းစားဖို့စောင့်နေတာ"
အတတ်နိုင်ဆုံး လေသံကို ချိုသာအောင်ပြောလိုက်သော အသော့်၏စကားကို ငယ်က မထီသလို မော့ကြည့်ကာ ဟက်ခနဲ ရယ်ချလိုက်လေသည်။
"ဘာ! ထမင်းအတူ စားမလို့ ဟုတ်လား၊ ရယ်ရတယ်နော်၊ ခင်ဗျားက တော်တော်လည်း မျက်နှာပြောင်တုိက်တတ်တာပဲ ၊ ထင်တောင် မထင်ထားဘူး"
"ဟုိ..အဲ့လိုမဟုတ်ပါဘူး၊ ငယ်နဲ့အတူ ထမင်းလက်စုံစားချင်လို့...."
"တော်တော့ ထပ်မပြောနဲ့ အဲ့ဒီ့စကားကို ၊ မကြားချင်ဘူး၊ ထမင်းလက်စုံစားတယ် ဆိုတာ မိသားစုတွေမှ စားရတာ ၊ အခု ခင်ဗျားနဲ့ကျွန်တော်က ဘာမှ မပတ်သတ်ဘူး ၊ အဲ့တော့ အတူ စားစရာဘာအကြောင်းမှ မရှိဘူး၊ ရှေ့ကသာဖယ်စမ်းပါဗျာ"
YOU ARE READING
MSFOMH💛 {Completed}
RomanceStart - May 2020 BL OC (Myanmar) 💗 စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။