သူ့မျက်လုံးတွေပွင့်လာတော့ ပထမဆုံးမြင်လိုက်ရသည်က မျက်နှာကျက် ဖြူဖြူ။ ထို့နောက် အစိမ်းရောင် လိုက်ကာ တချို့ကာထားသော အခန်းငယ်လေးတစ်ခု။ အနည်းငယ်စိမ်းသက်နေသော နေရာဖြစ်သည့်အတွက် မျက်လုံးများကို ကစားလိုက်တော့ ညာဖက်ထောင့်နားတွင် မြင်နေရသော အကြည်ရောင်အထုတ်ကလေးမှ အရည်ကြည်တချို့က ပုိက်မှတဆင့်စီးဆင်းလာပြီး သူ့လက်ခမုိးပေါ်တွင် ထိုးစိုက်ထားေသာ အပ်ဆီသို့ရောက်သည်ကို တွေ့မြင်လိုက်ရ၏။ သူ့၏အကြည့်များသည်လည်း ထိုနေရာတွင် အဆုံးသတ်လေသည်။
"သတိရလာပြီလား"
ပျာပျာသလဲ ဖြစ်နေသော အသံမျိုးမဟုတ်ပေမဲ့ အနည်းငယ် စိုးထိတ်နေသော ခံစားမှုမျိုး
ပျော်ဝင်နေသည်ဆိုတာ သိသာလှသည့်် အသံမျိုး။
သူပြုံးရုံပြုံးပြလိုက်ကာ လက်ကို ကမ်းပေးလိုက်တော့ အလိုက်တသိ သူ့လက်တွေကို ဆုပ်ကိုင်လိုက်သော ငယ့်လက်သေးသေးလေးတွေက နွေးထွေးစွာ။ ထို့နောက် သူ့လက်ချောင်းလေးတွေကို
လက်မဖြင့် ပွတ်သတ်နေပုံကလည်း ကြည်နူးစရာ။"အစာမရှိဘဲနဲ့ ဘယ်လိုတောင် နေနိုင်လွန်းတာလဲ၊
မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"အပြစ်တင်သလိုလို စိတ်ပူသလိုလို ပြောလိုက်သော ငယ့်လေသံကြောင့် သူ့ရင်ထဲ နွေးထွေးသွားရပြန်သည်။
ငယ်..သူ့ကို...စိတ်ပူနေခဲ့တာလား။"နောက်တစ်ခါ အစာမရှိဘဲ ဗိုက်ကို ဟောင်းလောင်းထားကြည့် ကျုပ်ကိုယ်တိုင်ခွဲပစ်မှာ"
"ဟားဟား... ဟားဟား "
သူ့လက်ခမိုးကို လက်သည်းဖြင့် အသည်းယားသလို ကုတ်ခြစ်ကာပြောလိုက်သော ငယ့်စကားကြောင့် သဘောကျစွာ ရယ်လိုက်မိတော့သည်။
"ဘာရယ်တာလဲ"
"ငယ်ပြောနေတဲ့ ပုံလေးကို သဘောကျလို့ပါကွာ၊
ချစ်စရာလေး"သူ့အပြောကြောင့် ငယ့်မျက်နှာတစ်ခုလုံး ဖြန်းခနဲ နီရဲသွားသလို ဘေးဘီဝဲယာကို တချက် လိုက်ကြည့်လိုက်ကာ ကုိင်ထားသော သူ့လက်ေတွကိုလည်း လွှတ်ချလိုက်သည်။ ထို့နောက် လက်သီးကို ထောင်ပြလိုက်ပြီး
YOU ARE READING
MSFOMH💛 {Completed}
RomanceStart - May 2020 BL OC (Myanmar) 💗 စိတ်ကူးယဥ် ဇာတ်လမ်းတစ်ပုဒ်သာ ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော ဆန္ဒမရှိပါ။