P61

10.6K 1.1K 54
                                    

"ဦးငယ်နဲ့ တွေ့ချင်လို့ပါ"

"Appointment ယူထားပြီးသားလား"

စန္ဒီ ့၏ ခွင့်တောင်းခြင်းကို ဘောက်ဆတ်ဆတ်ပြန်မေးလိုက်သော လူတစ်ယောက်ကြောင့် တိမ်လွှာ့မျက်နှာက မည်းခနဲ။ ထို့နောက် ဘုကြည့်ကြည့်ကာ လေလံမာမာဖြင့်

"ဒီမှာ ဒီမှာ... စကားပြောတဲ့လေသံကို ပြင်လိုက်၊
ရှင်ပြောချင်တဲ့လေသံနဲ့ ပြောလို့ရတဲ့ လူတွေမဟုတ်ဘူး"

ခပ်စွာစွာ ရန်ပြန်တွေ့လိုက်သော တိမ်လွှာ့၏စကားကြောင့် ထိုလူက မျက်မှောင်ကျုံ့ကာ
ပြန်လည် ချေပလိုက်ပုံက မာရေကြောရေ နဲ့ပါပဲ။

"ကျွန်တော်တို့ ဆရာကလည်း ဒီက အစ်မလေးတို့ တွေ့ချင်တယ်ပြောတိုင်း တွေ့လို့ရတဲ့ သူမဟုတ်ပါဘူး၊ အဲ့တော့ လာရာလမ်းအတိုင်းသာ ပြန်ကြွကြ"

"ဟင် ..ရှင် ရှင် စကားပြောတာ ရိုင်းလှချည်လား"

"ဟာ...ကျုပ်ပြောတဲ့ အထဲမှာ ဘာများရိုင်းတာပါသွားလို့လဲ"

"လာပါ တိမ်လွှာရယ်၊ စကားမများနေပါနဲ့၊ သူလည်းတာဝန်အရ ပြောတာနေမှာပါ..လာလာ သွားရအောင်"

စန္ဒီက အချင်းများနေကြသည့်ကြားထဲ စကားနည်းရန်စဲ လုပ်လိုက်ပြီးတိမ်လွှာ့လက်ကို အတင်းဆွဲကာ နောက်ကြောင်းလှည့်ပြန်ရန် ပြင်လိုက်လေသည်။
တိမ်လွှာကတော့ သိတဲ့အတုိင်း ထစ်ခနဲဆို ထစ်ခနဲပဲ ... နေရာမရွေး အချိန်မရွေး ဝုန်းနိုင်သူ။

"ဖယ်စမ်းပါ စန္ဒီရယ်၊ ငါတို့က ဘာမှားလို့လဲ"

စန္ဒီဆွဲခေါ်ရာနောက် ပါလာသော တိမ်လွှာက
ခပ်လှမ်းလှမ်းရောက်တော့ လက်ကို ဆော့င်ရုန်းလိုက်ကာ မကျေမနပ်ပြောလိုက်လေသည်။

"အေး နင်မမှားဘူး၊ လိုက်လာတဲ့ ငါပဲမှားတာ၊
နေရာတိုင်းမှာ နင့်စိတ်တိုင်းကျ ဖြစ်ချင်လို့မရဘူး၊
အကုန်လုံးက သူ့အလုပ်နဲ့သူ၊ နောက်ပြီး အခြေအနေ အချိန်အခါလဲ ကြည့်အုံး၊ ဒါ သူများနယ်မြေ ၊ ပြီးတော့ ယောကျာ်းသားတွေချည်းပဲ နင်မကြောက်ဘူးလား"

ထိုအခါကျမှ တိမ်လွှာ ငြိမ်ကျသွားသည်။ ဟုတ်တာတော့ ဟုတ်သည်။ တစ်ခုခုဖြစ်လာရင် ကိုယ်တွေဘက်က ရပ်တည်ပေးမည့်သူဆိုတာ မရှိ။
အကျိူးအမြတ်ဆိုတာ တစ်စုံတစ်ရာမရှိဘဲ ကိုယ်ကိုတိုင်က ဒီအဖွဲ့ကို ဦးဆောင်ကာ နယ်လှည့်ဆေးကုသပေးနေခြင်းဖြစ်သည့်အတွက် တစ်ခုခုဖြစ်လာရင် အရင်ဆုံးခံရမည့်သူက ကိုယ်။

MSFOMH💛 {Completed}Tahanan ng mga kuwento. Tumuklas ngayon