P2

20.9K 1.9K 19
                                    

ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို ဂရုမစိုက်တတ်တဲ့ သော်တာဆန်းဆိုတဲ့ ကွျန်တော်က
လူတစ်ယောက်ကို ချစ်မိသွားတဲ့ အချိန်မှာတော့
ပတ်ဝန်းကျင်ဆိုတာကို ကြောက်လာခဲ့တယ်။
💬
.........................................................................

"Ring Ring Ring "

ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားသော ဖုန်းမှ vibration အသံကြောင့် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ဖုန်းကို ဘောင်းဘီအိတ်ထဲမှဆွဲထုတ်လိုက်ကာ ကိုင်လိုက်လေသည်။

"ဟဲလို "

"အေး အသော်လား ငါဆက်တာ၊ နင်အခုဘယ်မှာလဲ "

တိမ်လွှာ့နံပါတ်မဟုတ်ဘဲ တိမ်လွှာ့အသံကို ကြားလိုက်ရသည်မို့ ရုတ်တရက် အံ့ဩသလိုတော့ ဖြစ်သွားရသည်။

"ဩော် ငါလား၊ အခု မြို့ထဲမှာ ဝယ်စရာလေးရှိလို့ "

"ဟုတ်လား အတော်ပဲ ငါလည်းအခုမြို့ထဲမှာ၊
ရုတ်တရက် ငါ့ကားက ထိုးရပ်သွားလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ၊ ငါ့ဆီ အခုလာခဲ့အုံး၊ ကားရှင်းတဲ့နေရာမို့လို့ တော်သေးတယ် နို့မိုဆို အဆဲခံရမှာ.."

"ေဟ ဟုတ်လား၊ လာခဲ့မယ် .... ဒါနဲ့နင်က အခုဘယ်နားလေးမှာလဲ ပြောေလ၊ ဖုန်းကရောဘယ်သူ့ဖုန်းနဲ့ဆက်နေတာလဲ"

အသော် က တိမ်လွှာ့ကို စိတ်ပူသလို တစ်ချက်မေးလိုက်တော့ တိမ်လွှာက လိပ်စာကို ရေရွတ်ပြလေသည်။ အသော်ကလည်း ထိုလိပ်စာကို ချက်ချင်းမှတ်လိုက်ကာ ယခုရောက်နေသည့်နေရမှာ အပြေးလေး သွားလိုက်တော့သည်။
ကိုယ်ရောက်နေေသာ နေရာနှင့် နှစ်မှတ်တိုင်လောက်သာ ဝေးသည်မို့ ဘတ်စ်ကား မစီးတော့ဘဲ ဒီအတိုင်းသာ ပြေးသွားလိုက်တော့သည်။

ဝတ်နေကျ ဂျင်းဂျာကင်ကို အပေါ်က ထပ်ဝတ်ပြီး တီရှပ်အနီနှင့် ဒူးပေါက် ဂျင်းဘောင်းဘီတိုကို ဝတ်ထားသည့် အသော့်ပုံစံ မျက်စိနောက်စရာကောင်းလောက်အောင် ဖရိုဖရဲဖြစ်နေလေပြန်သည်။
ကျောပိုးအိတ်အနက်တစ်လုံးကို ကျောတွင် စလွယ်သိုင်းလျက် ထူအုပ်အုပ်ဆံပင်ကို တစ်ချက်တစ်ချက် သပ်တင်လိုက်ပြီး ကားလမ်းဘေးပလက်ဖောင်းအတိုင်း ခပ်သွက်သွက် ပြေးလာကာ တိမ်လွှာရှိရာဆီသို့ လာနေသော အသော်။
..........

MSFOMH💛 {Completed}Where stories live. Discover now