"ဒီနေရာမှာ ထိုင်လို့ရမလား"ကျမမော့ကြည့်လိုက်တော့ ဖြောင့်စင်းနေတဲ့ဆံနွယ်ရှည်တွေနဲ့ အရပ်ရှည်ရှည်မိန်းကလေးတယောက်
မိန်းကလေးဆိုပေမယ့် သူမပုံစံက ယောက်ျားလေးနည်းနည်းဆန်ပြီး ချောတယ်"ကျမပိုင်တာမှမဟုတ်တာ ထိုင်လို့ရပါတယ်"
သူမက ပြုံးပြပြီး ကျမရဲ့ဘေး သဲသောင်ပြင်ပေါ်မှာ ဝင်ထိုင်လိုက်တယ်
"တယောက်တည်းလာတာလား"
ပုံမှန်ဆို ကျမ စပ်စုတာကို သိပ်သဘောမကျ
ပေမယ့် သူမကိုတော့ ပြန်ဖြေချင်မိတယ်
ချောလွန်းတဲ့သူမပုံစံကြောင့်များ ဖြစ်လေမလား"အွန်း ဟုတ်တယ် တယောက်တည်းခရီးသွားဖူးချင်လို့"
"မင်းက တော်တော်သတ္တိရှိတာပဲ"
"ရှင်လည်း တယောက်တည်းလာတာမဟုတ်လား
အတူတူပဲပေါ့"ကျမစကားကြားတော့ သူပြုံးတယ်
ကျမရဲ့စကားက သူ့အတွက်ရယ်စရာများဖြစ်နေလားမသိ
သူမပြုံးလိုက်တော့လည်း မိန်းမဆန်လိုက်တာ"ကိုယ်တို့ သူငယ်ချင်းလုပ်ကြမလား"
"ကျမအတွက် နောင်တရစရာမရှိဘူး ထင်ပါတယ်"အဲ့ဒီစကားက ကျမအတွက် အကြွင်းမဲ့တော့
မမှန်ခဲ့ဘူးဆိုတာကို နောက်ကျမှသိခဲ့ရတယ်
သူမက ကျမအတွက် နာကျင်မှုတခု ဖြစ်လာလေမလား ဒါမှမဟုတ် ဘယ်တော့မှ မေ့မပစ်ချင်တဲ့
အမှတ်တရတခုလား
သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်နဲ့ ကျမတို့နှစ်ယောက် လက်ဆွဲပြီး မနှုတ်ဆက်ခဲ့ကြဘူး
တယောက်နဲ့တယောက် ပြုံးပြီးပဲ ကြည့်နေခဲ့ကြတယ်
သူမရဲ့တတိယအပြုံးမှာ ကျမကျရှုံးခဲ့ပြီလား
ဒါမှမဟုတ် ပထမဆုံးအပြုံးမှာကတည်းကလား
သူမက ကျမကို လက်ကမ်းပေးပြီး"ကိုယ်နဲ့အတူ ရေဆော့မလား"
"ဟင့်အင်း ကျမရေမဆော့ချင်ဘူး"
"ကမ်းခြေလာပြီး ရေမဆော့ချင်ဘူး"သူမက အံ့ဩဟန်နဲ့ မျက်ခုံးကိုမသိမသာပင့်ပြီး
မေးလာတယ်"ကမ်းခြေလာတာက ပင်လယ်ကြီးကို မြင်ဖူးချင်လို့ပါ ပြီးတော့ ရေလှိုင်းသံတွေကိုလည်း နားထောင်ချင်လို့ ပြီးတော့..."
"ပြီးတော့ ဘာကျန်သေးလဲ"
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions