အပိုင်း(1)
ကျယ်ဝန်းလှတဲ့ ခြံကြီးတစ်ခုရှိ မြက်ခင်းပြင်ပေါ်တွင် လှပ ပြီး လူစည်းကားတဲ့ ဧည့်ခန်ပွဲကြီးတစ်ခုရဲ့ မှောင်ရိပ်ကျနေတဲ့ စာပွဲလေးမှာ ရုပ်ရည်ချောမောပြီး ချစ်ဖို့ကောင်းတဲ့ ကောင်လေး တစ်ယောက် ထိုင်နေလျက်ရှိတယ်....... သူကို ကြည့်ရတာ တစ်ယောက်ကို စောင့်နေတဲ့ပုံပဲ...... ထိုအချိန်မှာ တစ်ခြားဝိုင်းက လူတစ်ယောက်က ထိုကောင်လေး စားပွဲကို လမ်းလျှောက်လာတယ်....... ပြီးတော့.....
"ဟိတ်......မင်း တစ်ယောက်ထဲလား ဘယ်သူကို စောင့်နေ တာလဲ ကိုယ်အဖော်လုပ်ပေးရမလား......... ဟိတ် မေးနေ တယ်လေ..... "
နည်းနည်းမှ ပြန်မဖြေပေ......... မျက်နှာကိုကြည်တော့ သွေး ဆုတ်ကာဖြူဖျော့နေတယ်...... ဘာလဲဟ ဒီ ကောင်လေး က....... အဖက် မလုပ်တာလား...... သူ့ရဲ့ သူငယ်ချင်း ခေါ်လာတဲ့ ကောင်လေးမို့ တစ်ယောက်ထဲလဲ ဖြစ် နေတာ ကြောင့် သူ့က စေတနာနဲ့ လာပြီး နှုတ်ဆက်ပေး တာပါ....... ကောင်လေးက လူရည်လူမွန်လေး......မျက်နှာ လေးက ချစ် စရာကောင်းလှပြီး......ဘယ်လိုတင်စားရမလဲ မသိအောင် ကြည့်ကောင်းတဲ့ ကောင်လေးပါ....... နှုတ်ခမ်းအောက်လေး မှာ မဲ့နက်ကလေး တစ်ခုက သူ့အာရုံကို ဖမ်း စားလွန်းလှ တယ်..... အမှောင်မကျတကျနေရာလေးမှာ တောင် အသား လေတွေက ဖြူဖွေးနေတာပဲ.......သူဒီကောင်လေးကို အရမ်း ခင်ချင်နေမိတယ်..... ဒါကြောင့် လက်ကလေးကို သွားကိုင် လိုက်တော့ ကောင်လေးကရုန်းပြီးတော့.........
"ဝူးဝူး...ဝါးဝါး...."
အသံများကြောင့် သူတောင် လန့်သွားတယ်...... ပွဲက လူ တွေရဲ့ အကုန်လုံးရဲ့ မျက်လုံး အကြည့်များက သူတို့ဝိုင်း သို့
အာရုံစိုက်လျက် ရှိနေကြတယ်........"ဟယ်......ဟိုကောင်လေးက စကားမပြောတက် ဘူးဟ သနားစရာလေးပဲ....... "
"အေးဟယ်......ရုပ်ကလေးက ချစ်စရာလေးပေမယ့် သနား စရာလေး ဟယ်....."
"ဟဲ့...... အဲဒါက ရှောင်ကုမ္ပဏီပိုင်ရှင်ရဲ့ သားလေ..... သူ က တော်တော်ချောပေမယ်..... ဒီလို အနေမယ် မထင်ထား ဘူး...... သနားပါတယ်ဟယ် ဒါကြောင့် သူအဖေက သူ့သား ကို ပွဲမထုတ်တာကို အခုကော သူတစ်ယောက်ထဲ ပွဲကိုလာ တာလား......"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Фанфикအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...