အပိုင်း (71)
"ကိုယ်ကို ယုံတယ်ဆိုတာကိုယ်သိတယ် ချင်းသခင်လေးကိစ္စကို ကိုယ်ဖြေရှင်းပေးမယ်... သူတို့ မင်းအပေါ်ကြည့်တဲ့ မျက် ဝန်းအကြည့်ပါ ပြောင်းလဲသွားအောင် ကိုယ်လုပ်နိုင်တယ်..... ဒီတိုင်းလေးပဲ ကိုယ်နားမှာနေပေးပါ......"သူယုန်လေးကြားယုံလောက်သာ ပြောလိုက်တာမို့ သူကို မျက် ဝန်းလဲ့လဲ့လေးတွေ မော့ကြည့်ပြီးတော့........
"ကျန်ကျန့် yiboကို ယုံကြည်ပါတယ်..... ဒါပေမဲ့ yibo ရင်ဆိုင်ရမှာက ဧည့်ခံပွဲမှာရှိတဲ့ လူတွေအပြင် တရုတ်နိုင်ငံရဲ့ ချမှတ်ထားတဲ့ စည်းမျည်းတွေပါ ဖြစ်နေတယ်..... အရင်အ နှီးကအရမ်းကြီးလွန်းလှတယ်..... ရှေ့ဆက်တိုးရင် yiboကို ထိခိုက်လာလိမ့်မယ်..... အရင်က ကျန်ကျန့်သိတဲ့ သူက အခုလောက် ချမ်းသာလိမ့်မယ်လို့ မထင်ထားဘူး......အစောကြီးကသာ သိရင် yiboကို ဂုဏ်သိက္ခာကျစေမယ်ဆိုတာသာ သိရင် ကျန်ကျန့် ထွက်သွားလိုက်ရမှာ...... သူတို့သဘောမတူရင်တော့ ကျန်ကျန့်ကို yiboနားကနေ ဒီပွဲကြီးပြီးသွားရင် ထွက်သွားခွင့်ပေးပါနော်...... ဒါက yiboရဲ့ ဂုဏ်သိက္ခာတစ်ခုတည်း အတွက်မဟုတ်ပါဘူး...... Wang Group တစ်ခုလုံးရဲ့ အရေးနဲ့ ဆိုင်တာမို့ ကျန်ကျန့်တောင်းဆိုတာကို လက်ခံပေးပါနော်..... ကျန်ကျန်က ဆုံးရှုံးပြီးသားမို့ နောက် ထပ်ပြီး ဆုံးရှုံးစရာ ဘာမှ မရှိတော့ဘူး...... ပြီးတော့ ကျန်ကျန့်က တန်ဖိုးမရှိတဲ့ သူတစ်ယောက်ပါ.... ကျန်ကျန့်ပြောတာ နားလည်မယ်လို့ ထင်ပါတယ်......"
Wang Yiboတစ်ယောက် သူအတွက်ပြောနေမှန်းသိပေမဲ့ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ကျန့်ကျန့်ကို သူနားကနေ ထွက်သွားခွင့် ပြုမည်မဟုတ်ပေ...... ယုန်လေးက လွှဲပြီး ကျန်တဲ့ အရာအားလုံးကို သူစွန့်လွှတ်ဖို့ အသင်ပဲ ဖြစ်သည်...... yiboက သူပြောနေပေမဲ့ ဘာမှ မပြောပဲနဲ့ ဧည့်သည်တွေဘက်လှည့်ပြီးတော့......
"အားလုံး သိအောင်ပြောပြချင်တာက ရှောင်ကျန့်က ကျွန် တော်ဆီကို ကပ်ပြီးတော့ ချမ်းသာအောင်လုပ်တာ မဟုတ်ဘူး..... တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်က သူဘဝထဲကို ဝင်ခွင့်ရအောင် ကပ်ခဲ့တာပါ......သူက ကျွန်တော် ချမ်းသားတယ်ဆိုတာတောင် မသိခဲ့ဘူး..... အခု ဧည့်ခံပွဲ ကျင်းပနေတာတောင် သူကို ကျွန်တော် ဘာအတွက်လည်းဆို တာသေချာအောင် မပြောပြခဲ့ဘူး..... သူသိရင် လက်မခံဘူးဆိုတာ ကျွန်တော်သိလို့ကို တမင်မပြောခဲ့တာ...... ရှောင်ကျန့်က ကျွန်တော်ဘဝထဲကို ဝင်လာတာက ဆင်းရဲတဲ့ တဲစုတ်လေးတစ်လုံးထဲ ပိုင်တဲ့သူကို ဘဝ အာမခံချက်မရှိပဲနဲ့တောင် ယုံယုံကြည်ကြည်နဲ့ လက်တွဲခဲ့တာ..... ကျွန်တော်ရဲ့ လက်ကို ဆုတ်ကိုင်းပြီး တွဲလျှောက်ရဲတဲ့သူပါ.... ဘယ်သူကမှ ဆင်းရဲ့တဲ့သူ ဘဝအာမခံချက်မရှိတဲ့သူကို ဘယ်သူတွေက လူရာ သွင်းပါမလဲ..... ဘဝတစ်ခုလုံးကိုရော ပေးအပ်ရဲတဲ့ ယုံကြည် ချက်ရှိခဲ့ရဲ့လား......"
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...