အပိုင်း (52)
အဖေတစ်ယောက်ရဲ့ အာဏနဲ့ အမိန့်ပေးလိုက်ခြင်းဖြစ်သည် သူသာလေပြေလေးနဲ့ ချော့နေရင် ဒီကောင်လေးလိုက်မှ မ ဟုတ်ဘူး...... ကြမ်းပြမှ ဖြစ်မည်..... အရေးကြီးတာ သူကို ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ သူစိတ်မဝင်စားပေ..... ဒီကောင်လေးကို ရှောင်အိမ်တော်ကို ပါအောင်ခေါ်သွားရမယ်....... မထင်ထားတာက အဲ့ဒီလောက်ထိ ခေါင်းမာလိမ့်မယ်လို့ မထင်ထားတာကြောင့် ဖြစ်သည်..... ဘာပဲဖြစ် ဖြစ်သူကတော့ မပါပါအောင်ခေါ်မယ် အနုနည်းနဲ့ မရရင် အ ကြမ်းနည်းနဲ့ ခေါ်ရမှာပဲ...... ဒါမှ သူရဲ့ ကုမ္ပဏီက ဆက် လက် တည်တံနေမှာလေ...... သူရဲ့ ဂုဏ်သိက္ခာကြောင့် သားကို ထိုးကျွေးတာက မှားတယ်လို့ မဆိုနိုင်ပေ......."ကျွန်တော် အမေကို လုပ်ထားတာကို မကျေအေးပေးနိုင်ဘူး....... ပြီးတော့ အမှုကိစ္စကို yiboလုပ်တာမို့ ကျွန်တော် မှာ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး......တကယ်လို ကျေအေးပေးစေချင်ရင် yiboလာရင်ပြောလိုက်ပါ...... ပြန်လာတော့မှာ....... "
ရှောင်ကျန့် ဆိုတဲ့ ကောင်လေး သူကို တစ်ခွန်မကျန် ပြန်ပြောနေတော့ ဒေါသထွက်လာပြီး........
"ရှောင်ကျန့် မင်းငါ့ကို အဆုံးထိ အတိုက်ခံလုပ်ဖို့ စဥ်းစားနေ တာလား...... မင်းမကျေအေးပေးဘူးဆိုရင် yibo လား.... အဲဒီကောင်လေးရဲ့ ဘဝကို သေသွားအောင် ငါ့လုပ်နိုင်တယ်..... သူက မင်းအတွက် အရေးကြီးတဲ့ ပုံပဲနော်ရှောင်ကျန့် အရေးမစိုက်ရင် ကျေအေးပေးကြောင်း စာရွက်မှာလက် မှတ် မထိုးနဲ့လေ သူကိုလည်း ငါ့ရဲ့ ဇနီးလိုပဲ အမှုဆင်ပြီး ထောင်ချ ပြမယ်....... ငါ့က လိုချင်တာကို မရရအောင်ကို ယူတက်တယ်နော်..... ငါ့အကြောင်းကို မင်းသိပြီးသားပါ ရှောင်ကျန့် ငါ့ကို လိမ်လိမ်မာမာ ဆက်ဆံမှ မင်းအတွက် ကောင်းနိုင်မယ်........ မဟုတ်ရင် မင်းရော ဟိုကောင်လေးပါ ဒုက္ခရောက်အောင် လုပ်ပစ်နိုင်တယ်နော်......."
တမင် ခြိမ်းခြောက်လိုက်တယ်...... ဒီကောင်လေး ဘယ် လောက်ပဲ ခေါင်းမာပါစေ စိတ်ပျော့မှန်း သူသိပြီးသား တစ်ခြား သူကို ဒုက္ခရောက်အောင် မလုပ်ရဲမှန်း သူသိပြီးသား.....
YOU ARE READING
မှေးစက်ခိုလုံရာ ရင်ခွင်ရိပ်ကလေး (Complete)
Fanfictionအရိပ်ဆိုတာ တစ်ဦးတစ်ယောက်ရဲ့ ဘေးနားမှာ အမှီအခို တစ်ခုအနေနဲ့ နေရတဲ့ သူဘဝကနေ ဘယ်လို ပြေးလွတ်ရမှာလဲ....... Xiao Zhan လူတစ်ယောက်နဲ့ တစ်ယောက်က တန်ဖိုးဆိုတာ အဲ့ဒီလူရဲ့ ကြည့်တဲ့ အကြည့် ပေါ် မူတည်ပြီး ကွဲ...